ဒေါက်တာသင်းသင်းလှိုင်

MBBS, FRCP,FRCPath,FHEA

 

လူသတ္တဝါအားလုံး ဤက္ဘာမြေပေါ်တွင် ရှင်သန်ရပ်တည်ရန် နေရောင်ခြည်သည် မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်ကြောင်း မည်သူမျှ ငြင်းနိုင်မည်မထင်ပါ။ ဗီတာမင်ဒီဓာတ်၏ ၈၀ ရာခိုင်နှုန်းသည် နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည် ဘီဓာတ် (လှိုင်းအလျား ၂၉၁ မှ ၃၁၅ နာနိုမီတာ) နှင့် အရေပြားတို့ ထိတွေ့ရာ မှဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ၂၀ ရာခိုင်နှုန်း မှာမူ အပင်များ (ဥပမာ - မှို၊ ပန်းပွင့်စိမ်း စသည်) နှင့် အဆီများသော ငါးများ စားသုံးရာမှ ရရှိနိုင်ပါသည်။ ထိုဗီတာမင်ဒီသည် အရိုး၊ ြွကက်သားများ ကြံ့ခိုင်သန်မာစေရန် လိုအပ်သည့် ကိုယ်တွင်းကယ်လစီယမ်များ မျှမျှတတရှိစေရန်လုပ်ဆောင်ပေးပါသည်။ ဗီတာမင်ဒီဓာတ်ချို့တဲ့ပါက ကလေးသူငယ်ကြီးထွားဆဲအရွယ်များတွင် အရပ်ပုခြင်း၊ အရိုးများပျော့၍ ကျိုးလွယ်ခြင်း၊ သွားမကောင်းခြင်းများဖြစ်၍ လူကြီးများတွင် အရိုးကျိုးခြင်းနှင့် ြွကက်သား များ အားနည်း၍ ချော်လဲလွယ်ခြင်းများ ခံစားရနိုင်ပါသည်။ ထိုမျှမက လွန်ခဲ့သောဆယ်စုနှစ်အတွင်း ဗီတာမင်ဒီဓာတ်သည် အနောက်နိုင်ငံများနှင့် အရှေ့နိုင်ငံများတွင်ပါ လွန်စွာအာရုံစိုက်ခံရမှုရရှိပြီး ယင်းနှင့်ပတ်သက်သည့်သုတေသနများစွာ ပေါ်ထွက်လာပါသည်။ ထိုသုတေသနများအရ ဗီတာမင်ဒီဓာတ်ချို့တဲ့ခြင်းသည် အရိုး၊ ြွကက်သားနှင့်ပတ်သက်သည့် လက္ခဏာများအပြင်ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ အူရောင်ရမ်းရောဂါ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါ အစရှိသည်တို့နှင့်လည်း ဆက်စပ်နေနိုင်ကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။ ဤသို့ဆက်စပ်မှုများကြောင့် ဗီတာမင်ဒီဓာတ်ချို့တဲ့ခြင်းမှကာကွယ်ရန် ဗီတာမင်ဒီဆေးကို လူတိုင်းသောက်သင့်ကြောင်းများ တိုက်တွန်းထားသည်ကို များစွာတွေ့လာရပါသည်။ ထိုသို့ သောက်သုံးကြမည့်သူများသည် ဗီတာမင်ဒီအကြောင်းကို လေ့လာဖတ်ရှုပြီးမှ သောက်သုံး သင့်ပါသည်။

 

d1

 

အထက်ပါလိုအပ်ချက်များပြည့်မီရန် နေရောင်ခြည်သည် အကောင်းဆုံး အရင်းအမြစ်ဖြစ်သော်လည်း လူတစ်ယောက် နေရောင်ခြည်ကို အ္တရာယ်ကင်းစွာဖြင့် မည်သို့အသုံးချရမည်နည်းဆိုသည့်မေးခွန်း မေးစရာရှိလာပါ သည်။ နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်များသည်တစ်ဖက်ကပြန်ကြည့်ပါက နေလောင်ခြင်း၊ အရေပြားကင်ဆာ ဖြစ်စေနိုင်ခြင်း စသည့် စိုးရိမ်စရာများလည်း ရှိနေပြန်သည်။ အရေပြားနှင့်ဆက်စပ်သော ဆိုးကျိုးများမဖြစ်စေဘဲ နေရောင်ခြည်ကို အ္တရာယ်ကင်းစွာဖြင့်အသုံးချတတ်ရန် လိုပါသည်။ နေရောင်ခြည်၏ ခရမ်းလွန်ရောင်ခြည်ဘီနှင့် အရေပြားထိတွေ့ပြီး ဗီတာမင်ဒီဖြစ်ပေါ်မှု အနည်း၊ အများပမာဏသည် မည်သည့်အချက်များအပေါ် တွင် မူတည်နေပါသလဲ။

(၁) ဇီးနစ်ထောင့်ချိုး(Zenith Angle)

ကမ္ဘာမြေ၏ အိုဇုန်းအလွှာသည် ခရမ်းလွန်ရောင်ခြည်ဘီ (လှိုင်းအရှည်၂၉၁ မှ ၃၁၅ နာနိုမီတာ) ကို ၉၉ ရာခိုင်နှုန်း စုပ်ယူထားလိုက်၍ ခရမ်းလွန်ရောင်ခြည်ဘီသည် မွန်းတည့်ချိန်တွင်ပင် တစ်ရာ ခိုင်နှုန်းခန့်သာ က္ဘာ မြေပြင်သို့ရောက်ရှိကြောင်း သုတေသနများက မှတ်တမ်းတင်ထားပါသည်။

ထို့ကြောင့် အောက်ပုံတွင် ဖော်ပြထားသည့်အတိုင်း နေရောင်သည် စောင်း၍ ကျရောက်သောအချိန်များတွင် တိမ်ထုကို ဖြတ်သန်း၍ လာရောက်သောလမ်း ပိုမိုရှည်လျားကာ က္ဘာမြေပြင်သို့ရောက်ရှိလာချိန်တွင် ခရမ်းလွန်ရောင်ခြည်ပမာဏ ပိုမိုလျော့နည်းပြီး ရောက်လာပါသည်။ နေရောင်ခြည်လာသော လမ်းကြောင်းသည် နံနက်ခင်း ၁၀ နာရီမတိုင်မီနှင့် ၃ နာရီနောက်ပိုင်း နေစောင်းချိန်များနှင့် လတ္တီကျု ၃၃ ဒီဂရီ မျဉ်းကြောင်းအထက်နှင့်အောက်တွင်တည်ရှိသောနိုင်ငံများ၏ ဆောင်းရာသီအချိန်များတွင် ပို၍စောင်းပြီး ကျရောက်ကာ လမ်းကြောင်းရှည်လျားသည့်အတွက် အရေပြားမှ ဗီတာမင်ဒီဓာတ်ထုတ်နိုင်ရန် အခွင့်အရေးလျော့နည်းသွားပါသည်။

 

d2

 

(၂) လေထုညစ်ညမ်းမှု

လေထုညစ်ညမ်းမှုသည် ခရမ်းလွန်ရောင်ခြည်ဘီကို စုပ်ယူထားလိုက်နိုင်၍ အရေပြားသို့ နေရောင်ခြည် ထိရောက်သောပမာဏနည်းသွားကာ ဗီတာမင်ဒီဓာတ်ထုတ်လုပ်ခြင်းကို လျော့နည်းစေပါသည်။

 

(၃) ပင်လယ်ရေမျက်နှာပြင်အမြင့်

လတ္တီကျုတူသော နိုင်ငံ၊ နေရာများတွင် ပင်လယ်ရေမျက်နှာပြင် ပို၍ မြင့်သော တောင်ထိပ်နေရာများတွင် နေရောင်၏လမ်းကြောင်း ပိုတိုသော ကြောင့် အရေပြားမှ ဗီတာမင်ဒီထုတ်လုပ်မှု ပို၍များပြားပါသည်။

 

(၄) မှန်ပြတင်း

မှန်များသည် ခရမ်းလွန်ရောင်ခြည်အားလုံးကို စုပ်ယူထားနိုင်၍ မှန်ကိုဖြတ်သန်းပြီး ကျရောက်လာသော နေရောင်ခြည်သည် ဗီတာမင်ဒီ အရေပြားမှထုတ်လုပ်ရန် အသုံးမဝင်ပါ။

 

(၅) နေမလောင်ရန် တားဆီးကာကွယ်သောလိမ်းဆေးများ

ထိုလိမ်းဆေးများသည် ခရမ်းလွန်ရောင်ခြည်တားဆီးနိုင်မှု ပမာဏ အမျိုးမျိုးရှိသည့်အနက် နေရောင်ကာကွယ်အား SPF 30(အက်စ်ပီအက်ဖ်- ၃၀) ရှိသော ခရင်မ်လိမ်းဆေးများသည် အရေပြား၏ ခရမ်းလွန်ရောင်ခြည်စုပ်နိုင်မှုကို ၉၅ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းအထိ လျှော့ချနိုင်၍ ထိုဆေးများ လိမ်းထားပါက ဗီတာမင်ဒီကို အရေပြားမှ မထုတ်လုပ်နိုင်ပါချေ။

 

(၆) အသားအရောင်

အသားအရောင်ဖြူသူများ၏ အရေပြားသည် ညိုသူ၊ မည်းသူများထက်ခရမ်းလွန်ရောင်ခြည်စုပ်ယူမှု အားကောင်း၍ ညိုသူ၊ မည်းသူများထက်စာလျှင်အချိန်တိုတို နေရောင်ခြည်ထိရုံဖြင့် ဗီတာမင်ဒီဓာတ်ကို ပိုမိုထုတ်လုပ်နိုင်ကြောင်း တွေ့ရပါသည်။ ထို့ကြောင့် အသားအရေမည်းသူ၊ ညိုသူများသည် ဗီတာမင်ဒီဓာတ်ချို့တဲ့ရန် ရာ ခိုင်နှုန်း ပိုများပါသည်။

 

(၇) အသက်အရွယ်

အသက်အရွယ်ကြီးရင့်သူများ (အထူးသဖြင့် အသက် ၆၀ အထက်) သည် ငယ်ရွယ်သူများထက်စာလျှင် ဗီတာမင်ဒီဓာတ်ကို အရေပြားမှ ထုတ်နိုင်မှုလျော့နည်းသွား၍ ချို့တဲ့နိုင်ပါသည်။

 

(၈) ရာ သီဥတုနှင့် လတ္တီကျု

အီကွေတာမှ လတ္တီကျု ၃၂ ဒီဂရီ အထက်နှင့်အောက်ရှိ နိုင်ငံများတွင်နေထိုင်သူများသည် စက်တင်ဘာလမှ ဖေဖော်ဝါရီလများအတွင်း ဗီတာမင်ဒီပမာဏ လွန်စွာနည်းကြောင်း တွေ့ရှိရသည်။ အကြောင်းရင်းမှာ ထိုနိုင်ငံများတွင် နေရောင်ရရှိချိန် လွန်စွာတိုတောင်းခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေ သောကြောင့်ပင် ဖြစ်သည်။

 

(၉) ဝတ်စားမှုပုံစံ

အဝတ်အစားကို ခြေဆုံး၊ ခေါင်းဆုံး အချိန်ပြည့်အလုံဝတ်ခြင်းသည်လည်း အရေပြားနှင့် နေရောင်ခြည် တိုက်ရိုက်မထိတွေ့နိုင်သော အကြောင်းများဖြစ်၍ ထိုသူများသည် ဗီတာမင်ဒီချို့တဲ့ရန် ရာ ခိုင်နှုန်းများပါသည်။

 

(၁၀) လူနေမှုဘဝပုံစံ

နေ့စဉ် ကျင်လည်နေရသော အလုပ်ပုံစံသည် အဆောက်အအုံအတွင်းမှာ သာရှိခြင်း (သို့မဟုတ်) ကလေးများဆိုလျှင်လည်း နေရောင်ခြည်မထိဘဲအိမ်တွင်းကစားနည်းများသာ ကစား၍နေပါက ဗီတာမင်ဒီထုတ်လုပ်နိုင်ရန်အခွင့်အရေးနည်းပါးကာ ဗီတာမင်ဒီ လျော့နည်းနိုင်ပါသည်။

 

(၁၁) ကိုယ်အလေးချိန်

အဝလွန်သောသူများ (အရပ်နှင့် ရှိရမည့်ကိုယ်အလေးချိန် BMI=>35Kg/m2) သည် ကိုယ်အလေးချိန် ကျန်းမာမျှတသောသူများထက်ဗီတာမင်ဒီထုတ်လုပ်နိုင်မှု ပိုမိုနှေးကွေးသည့်အတွက် ဗီတာမင်ဒီ အားနည်းရန်ရာ ခိုင်နှုန်း များပါသည်။

 

သို့ပါ၍ နေလောင်ခြင်း၊ အရေပြားကင်ဆာရောဂါများလည်း မဖြစ်စေဘဲဗီတာမင်ဒီဓာတ်ကို နေရောင်ခြည်မှ ပြည့်ပြည့်ဝဝရရှိရန် သိပ္ပံသုတေသန အချက်များကို အခြေခံရပါက နံနက် ၁၀ နာရီမှ ၃ နာရီအတွင်း ခြေထောက်နှင့် လက်များကိုဖော်၍ တစ်ပတ်လျှင် အနည်းဆုံး သုံးကြိမ် နေရောင်ခြည်ခံရမည် ဖြစ်ပါသည်။ ထိုအချိန်များတွင် မျက်နှာကို နေရောင်ကာကွယ်သည့်ခရင်မ်လိမ်းဆေးများ လိမ်းထားခြင်းနှင့် ဦးထုပ်ဆောင်းခြင်းဖြင့် နေလောင်ခြင်းကို ကာကွယ်ထားရပါမည်။

 

အစားအသောက်နှင့် ဆေးဝါးများ

အထက်ပါအကြံပြုချက်အတိုင်း နေရောင်ခြည်မခံနိုင်သူများတွင်မူဗီတာမင်ဒီပြည့်ဝသော အစားအစာများဖြစ်သည့် အဆီများသောငါးများ၊ ကြက်ဥအနှစ်၊ မှိုနှင့် ပန်းပွင့်စိမ်းများကို ဖြည့်စွက်စားရန် ကြိုးစားသင့်ပါသည်။ သို့သော် အရးကြီးသော သတိပြုရန်မှာမူ အစားအစာများတွင် ဗီတာမင်ဒီပါဝင်မှုပမာဏ အလွန်နည်းသောကြောင့် တစ်နေ့တာလိုအပ်ချက်ပြည့်မီရန်အစားပမာဏများစွာ စားရပါမည်ဖြစ်ပါသည်။ ဥပမာ အစားအသောက်ပမာဏအမျိုးအစားနှင့် ရရှိနိုင်မည့် ဗီတာမင်ဒီကို အောက်ပါဇယားတွင်ကြည့်နိုင်ပါသည်-

 

d3

 

အစားအသောက်နှင့် နေရောင်ခြည်မှ ဗီတာမင်ဒီဓာတ်ရရှိရန် အခက်အခဲရှိသူများတွင်မူ တတ်ကျွမ်းသောဆရာဝန်နှင့်တိုင်ပင်ပြီး ဗီတာမင်ဒီ ဖြည့်စွက်အားဆေးသောက်ခြင်းအားဖြင့် အရိုးနှင့် ြွကက်သားများ၏ ကျန်းမာရေးကိုထိန်းသိမ်းထားနိုင်မည် ဖြစ်ပါသည်။

အချုပ်ဆိုရလျှင် ဗီတာမင်ဒီသည် သဘာဝမှ လက်ဆောင်ရရှိသော နေရောင်ခြည်မှအဓိကရရှိသည့် ဗီတာမင်ဖြစ်၍ ထိုလက်ဆောင်ကိုအကောင်းဆုံးအသုံးချခြင်းအားဖြင့် ဗီတာမင်ဒီချို့တဲ့ခြင်းကြောင့် ခံစားရမည့်ရောဂါလက္ခဏာများကို ကာကွယ်သင့်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကြေးမုံ

 

d4