လားရှိုး ၁၇ မေ
အိန္ဒိယနိုင်ငံတွင် ၁၉၈၂ ခုနှစ်က စတင်တည်ထောင် ပို့ချခဲ့ပြီး မြန်မာနိုင်ငံ၌ ဘဝရှင်သန်ခြင်း အနုပညာ သင်တန်းကျောင်းက ပို့ချပေးနေသည့် ပျော်ရွှင်မှုသင်တန်းကို လားရှိုးမြို့၊ မိုးလုံလေလုံ အားကစားခန်းမ၌ မေလ ၁၄ ရက်က ပို့ချခဲ့ပြီးမေ ၁၇ ရက် နံနက် ၉ နာရီအချိန်က သင်တန်းပို့ချပြီးခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ လူသားတွေ အားလုံးဟာ စိတ်ဖိစီးမှု အရမ်းများတဲ့ အချိန်တွေမှာဆိုရင် အဲဒီစိတ်ဖိစီးမှုကနေ ကင်းလွတ်စေဖို့အတွက် မည်သို့မည်ပုံ ပြုလုပ်ရမည်ကို မသိကြတဲ့သူတွေ အားလုံးက အချိန်လေးပေးပြီး ယခုပို့ချပေးနေလျှက်ရှိတဲ့ ပျော်ရွှင်မှုသင်တန်းလေးကို ပါဝင်ခြင်းအားဖြင့် သဘောပေါက်လာနိုင်မယ်" ဟု သင်တန်းဆရာ S.Kumar က ပြောသည်။
နိုင်ငံပေါင်း (၁၅၅) နိုင်ငံတွင် သင်တန်းဆရာပေါင်းများစွာဖြင့် ပို့ချလမ်းပြပေးလျှက်ရှိနေပြီး မြန်မာနိုင်ငံတစ်ဝန်း၌လည်း လှည့်လည်ပို့ချသွားမည်ဖြစ်သည်။
ဟန်ဌေး(လားရှိုး)