တောင်ပြိုလက်ဝဲ ၁၇ မေ 

 

မောင်တောခရိုင် စာရင်းစစ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကြိုင်နှင့်အဖွဲ့တို့သည် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် တောင်ပြိုလက်ဝဲမြို့သို့ ရောက်ရှိလာကြပြီး တောင်ပြိုလက်ဝဲမြို့ရှိ ပြန်လည်လက်ခံရေးစခန်းတည်ဆောက်ပြီးစီးမှုများဖြစ်သည့် အဆောက်အဦများ၊ လမ်းများ၊ လျှပ်စစ်ပိုင်းဆိုင်ရာနှင့် ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာများ၊ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ သောက်သုံးရေရရှိရေး ဆောင်ရွက်ထားရှိမှုများ၊ လုံခြုံရေးဆိုင်ရာပစ္စည်းများ စသည့်ဆက်စပ်ပစ္စည်းများ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


                                        
MDN

 

IMG201