မိုးညှင်း ၁၇ မေ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် မိုးရာသီအကြိုသွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံး၊သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၇ နာရီက လူအင်အား ၁၀ဝ ခန့်ဖြင့် စုပေါင်းဆာင်ရွက်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မိုးဦးရာသီအကြိုကာလ သွေးလွန်တုပ်ကွးရောဂါကာကွယ်ရေးအတွက် ပိုးလောက်လန်းများနှင့်ခြင်များ အလွယ်တကူ ပေါက်ပွားနိုင်သည့် ရေစပ်ရေအိုင်များ၊ ရေတွင်း ရေကန်များ၊ ကြာရှည်သိုလှောင်ထိန်းသိမ်းထားနိုင်သည့် ရေပုံးများ၊ ချုံနွယ် ပိတ်ပေါင်းပင်များအား ခုတ်ထွင်ရှင်းလင်းကြပြီး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများနှင့် ဖုန်း သွန် လဲ စစ် လုပ်ငန်းများကို မော်ဟန်ကျေးရွာအတွင်းရှိ ဘူတာစုရပ်ကွက်၊ ရွာမကြီးရပ်ကွက်၊ မော်ပင့်ရပ်ကွက်၊ ကချင်စုရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်များသို့ စုပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ ဆောင်ရွက်ခြင်းများကို မော်ဟန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းနှင့် ရာအိမ်မှူးများ၊ တိုက်နယ်ကျန်းမာရေးမှူးဦးဇော်နိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ဒေသအရဲမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နီတိုး
