ထီးလင်း ၁၇ မေ
နွေရာသီ အပူရှိန်မြင့်မားလာမှုကြောင့် သောက်သုံးရေ ရှားပါးလျက်ရှိသော မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အုံးနှောက်ကျေးရွာအုပ်စု မြောင်းကြီးကျေးရွာသို့ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီက သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယင်းသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းရာတွင် ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး သိန်းမင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဇော်မိုးနှင့် ရုံးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေး နှင့် တပ်ဖွဲ့ဝင်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်း နှင့်ဝန်ထမ်းများ ပါဝင်သော ပူးပေါင်း အဖွဲ့တို့က မီးသတ်ဦးစီးဌာန မှ မီးသတ်ယာဉ် (၂)စီးဖြင့် မြောင်းကြီးကျေးရွာရှိ အိမ်ထောင်စု (၇၄) မှ လူဦးရေ (၃၈၇) ဦးအတွက် ရေဂါလန် (၁၇၀ဝ) ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အောင်စည် (ပြန်/ဆက်)
