မန္တလေး ၁၈   မေ

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ဒေသထွက်ကုန်ပစ္စည်းများ တစ်စုတစည်းတည်းရောင်းချမည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ပြင်ဦးလွင်စင်တာကို ပြင်ဦးလွင်မြို့တွင် ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။

 

ဒေသခံစိုက်ပျိုးတောင်သူများ မျိုးစေ့ရွေးချယ်ခြင်းမှစပြီး အန္တရာယ်ကင်းသော စိုက်ပျိုးရေးစနစ်မှ ထွက်ရှိလာသော သီးနှံများ၊ ဈေးကွက်ဝင်သည်အထိ ကူညီပေးနိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ NGO၊ INGO အဖွဲ့အစည်းများနှင့် ချိတ်ကဆက်ကာ တာဝန်ယူအကောင်ထည်ဖော် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ပြင်ဦးလွင် စင်တာမှ ဒေသခံစိုက်ပျိုးတောင်သူများ မျိုးစေ့ရွေးချယ်ခြင်းကစပြီး အန္တရာယ်ကင်းသော စိုက်ပျိုးရေးစနစ်မှသည် ထွက်ရှိလာတဲ့ သီးနှံများ ဈေးကွက်ဝင်သည်အထိ ကူညီပေးနိုင်ရန် အဖွဲ့အစည်းအသီးသီး ချိတ်ဆက်ဆောင်ရွက်ပေးသွားမယ်” ဟု ပြင်ဦးလွင် စင်တာ တည်ထောင်သူ ဦးမိုးကျော်ကျော်က ပြောသည်။ 

 

ပြင်ဦးလွင်စင်တာသည် ပြည်တွင်းထုတ်ကုန်များတစ်စုတစ်စည်းတည်းရှိသော မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော စင်တာဖြစ်ပြီး စီးပွားကူးသန်းဝန်ကြီးဌာနအောက်ရှိ MyanTrade ရုံးစဆိုက်ရာ စင်တာတစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်နယ်နှင့်တိုင်းဒေသကြီး တစ်ခုစီမှ ကုန်သွယ်ရေးစင်တာတွေရဲ့ ဗဟုသုတရဖွယ်ရာ ကုန်စည်အရောင်းပြခန်းတွေနှင့် မြန်မာ့ထုတ်ကုန်လုပ်ငန်းရှင်များရဲ့ ကုန်စည်ပြပွဲ၊ ပညာရပ်ပိုင်းလေ့လာလိုသူတွေအတွက် စိုက်ပျိုးရေး၊ လူငယ်တွေရဲ့ အနာဂတ်အလုပ်အကိုင်နဲ့ စိန်ခေါ်မှုအခက်အခဲတွေအကြောင်းကိုလည်း သက်ဆိုင်ရာ ပညာရှင်တွေနဲ့ လက်တွေ့ လုပ်ဆောင်ခဲ့သော လုပ်ငန်းရှင်တို့က အတူတကွ နှီးနှောဖလှယ်ပွဲတွေ နေ့စဉ် ရှိသွားမည် ဖြစ်ကြောင်း သိရသည်။

 

ပြင်ဦးလွင် စင်တာကို ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်၊ တပ်မတော် နည်းပညာတက္ကသိုလ် အနီး လားရှိုး-မန္တလေး ကားလမ်းနံဘေးတွင် တည်ရှိသည်။

 

အိမို့မို့ခိုင်