ဘိုကလေး ၁၈ မေ
ယနေ့ကျရောက်သော ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ နံနက် ၇ နာရီမှစတင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ၊ အောင်စကြာ စေတီတော်ဝန်းအတွင်း တည်ထားလျက်ရှိသည့် တိလောကရန်အောင် စေတီတော်မြတ်အား အင်းဝေညောင်ရမ်းမိသားစု သာသနာပြုအဖွဲ့မှ ရွှေထီးတော်နှင့်စိန်ဖူးတော် တင်လှူပူဇော်ကြောင်း သိရသည်။
ရှေးဦးစွာ အင်းဝညောင်ရမ်းမိသားစုမှ မကိုဋ်ရွှေထီးတော်နှင့် ဝဇီရကေတုစိန်ဖူးတော်များကို ဒေဝါဝင်း၊ ပုဂံဝင်း၊ ရတနာပုံဝင်းတို့ဖြင့် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်အား လက်ယာယစ်(၃) ပတ်ပူဇော်ခဲ့ကြောင်း၊ ရွှေထီးတော်နှင့် စိန်ဖူးတော်တင်လှူမည့် တိလောကရန်အောင်စေတီတော်အား မင်းခမ်းမင်းနားဖြင့် (၃)ပတ်ပတ်ကာ ပူဇော်ခဲ့ကြောင်း၊ မကိုဋ်ရွှေထီးတော်နှင့် ဝဇီရကေတုစိန်ဖူးတော်များကို ဇေယျာဘုံမြင့်ဆရာတော် ဦးသုဇီဝ၊ စကြာအောင်ထီးတော်တင်အဖွဲ့တို့နှင့်အတူ ရထားပျံစကြာယာဉ်ဖြင့်(၇)ခေါက် တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)