မန္တလေး  ၁၈   မေ 

 

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်း၌ ဘုရားကြီးမျက်နှာသစ်တော်ရေအတွက် သနပ်ခါးနံ့သာ သွေးလှူ ကုသိုလ်ယူသူများ လပြည့်/လကွယ်နေ့များနှင့်အခါကြီးရက်ကြီးများ တွင် စည်ကားလျက်ရှိရာ ယနေ့ ကဆုန်လပြည့်နေ့တွင် သနပ်ခါးနံ့သာ သွေးလှူ ကုသိုလ် ယူသူများ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

 “မဟာမုနိဘုရားကြီးကို နံနက်စောစောလာရောက်ပြီးဘုရားဖူးတာပါ၊ ဘုရားကြီး မျက်နှာသစ်တော်ရေအတွက် သနပ်ခါးနံ့သာ သွေးလှူရတာလည်း အလွန်ပဲကြည်းနူးမိပါ တယ်၊  ဘုရားကြီးမျက်နှာသစ်တော်ရေအတွက် ရည်စူးပြီး တတ်နိုင်တဲ့ဘက်က ကုသိုလ်ပြုရတာ ဝမ်းသာပါတယ်၊ သနပ်ခါးကျောက်ပြင်နဲ့ သနပ်ခါးတုံးတွေက ဒီမှာအဆင်သင့်ရှိတော့ ကိုယ်တတ်နိုင်တဲ့လုပ်အားနဲ့ကုသိုလ်ပြုခွင့်ရ တာ အရမ်းပဲ ဝမ်းသာကြည်းနူးဖြစ်မိပါတယ်၊ ဘုရားကြီးမှာရှိတဲ့ ဗောဓိညောင်ပင်မှာလည်း ကဆုန်ညောင်ရေသွန်းလောင်းခဲ့ပါတယ်” ဟု မဟာမုနိဘုရားကြီး သို့ လာရောက်သူတစ်ဦးက ပြောကြားသည်။

 

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးမျက်နှာသစ်တော်ရေအတွက် လပြည့်လကွယ်နေ့များနှင့်အခါကြီး ရက်ကြီးများတွင် ဘုရားဖူးပြည်သူများ အထူးစည်ကားလျက်ရှိပြီး ကဆုန်လပြည့်နေ့တွင် သနပ်ခါးနံ့သာသွေးလှူ ကုသိုလ်ယူသူများ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)