မန္တလေး ၁၉ မေ
ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူး၍ နွေရာသီ ချင်းတိုင်းရင်းသားစာပေ သင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၁၈ ရက် မွန်းလွဲ ၁ နာရီက ချမ်းအေးသာစံမြို့နယ် လမ်း ၆၀၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြားရှိ သုံးပါးတစ်ဆူဧဝံဂေလိဘုရားကျောင်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးမြို့ရှိ တိုင်းရင်းသား လူမျိုးစုအဖွဲ့များ၊ ချင်းတိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ချင်းလူမှုရေး အသင်းအဖွဲ့များ၊ သင်တန်းသားသင်တန်းသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီနှင့် ချင်းလူမှုရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာဝမ်လျန်းထန်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူ းဒေါ်နုနုအောင်ကတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများ ထိန်းသိမ်းရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုများအားရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက အငယ်တန်းနှင့် အကြီးတန်းသင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များနှင့် ထူးချွန်ဆုများချီးမြှင့်သည်။
ထို့နောက် ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး(ငြိမ်း) ဦးအင်ခန့်ခွါလ်က သင်တန်းဆရာ ဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပြီး ကျေးဇူးတင် စကားပြောကြားသည်။
ဆက်လက်၍သင်တန်းသားသင်တန်းသူ များက တေးသီးချင်းများဖြင့် ဖျော်ဖြေသည်။
မန်း(ကိုယ်ပွား)