၂၀ မေ

ခရီးသွားလုပ်ငန်း (Tourism) ဟူသော  ဝေါဟာရကို  အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုနေကြသည့်အနက်  ခရီးသွားလုပ်ငန်းမည်သည်  မိမိတို့နေထိုင်ရာဒေသမှ  အခြားဒေသများသို့  အပန်းဖြေခရီး (သို့မဟုတ်) အခြားရည်ရွယ်ချက်များဖြင့် တစ်နှစ်ထက်မကျော်သော အချိန်ကာလအတွင်း သွားရောက်လည်ပတ်ရာတွင် ပြုလုပ်ရသည့် လှုပ်ရှားဆောင်ရွက်မှုများ ပါဝင်သည်ဟု ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (UNWTO) မှ အဓိပ္ပာယ်ဖွင့်ဆိုထားပေသည်။ ထို့ပြင် ခရီးသွားလုပ်ငန်းသည် မိမိတို့ သွားလိုသည့်နေရာသို့ ရည်မှန်းချက်တစ်ခုဖြင့် သွားရောက်လည်ပတ်ရာတွင် ခရီးသည်များ အနေဖြင့် သယ်ယူပို့ဆောင်ရေး၊ တည်းခိုနေထိုင်ရေး ဝန်ဆောင်မှုများကို အသုံးပြုကြရမည် ဖြစ်ပါသည်။ ထို့ကြောင့် ခရီးသွားခြင်းအားလုံးကို ခရီးသွားလုပ်ငန်းဟု မခေါ်ဆိုနိုင်ပေ။


ခရီးသွားလုပ်ငန်းသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ပို့ကုန်လုပ်ငန်းဖြစ်ပြီး  Global GDP ၁၀ ဒသမ ၄ ရာခိုင်နှုန်း ကို ဖန်တီးပေးလျက်ရှိပါသည်။ 

စစ်တမ်းများအရ ခရီးသွားများသည်  အပန်းဖြေလိုသည့်  ရည်ရွယ်ချက် (leisure, recre-ation & holidays) ကြောင့် အများဆုံးခရီးသွားကြခြင်း ဖြင့်  ၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာခရီးသည် ရောက်ရှိမှုသည် ၁ ဒသမ ၄ ဘီလီယံရှိခဲ့ပြီး ကမ္ဘာပေါ်တွင် ခရီးသွားဧည့်သည် အရေအတွက်သည်  တစ်နှစ်ထက်တစ်နှစ်  တိုးတက်လျက်ရှိ ပါသည်။ ခရီးသွားလုပ်ငန်း၏ လက်ရှိအခြေအနေကို အခြေခံ ၍ UNWTO မှ ၂၀၁၉ ခုနှစ်တွင် ပြီးခဲ့သော ၂၀၁၈ ခုနှစ်ထက်  ခရီးသည်ရောက်ရှိမှုသည် ၃ ရာခိုင်နှုန်း (သို့မဟုတ်) ၄ ရာခိုင် နှုန်းတိုးတက်လာမည်ဟု    မျှော်မှန်းထားပါသည်။    ဈေးနှုန်း သင့်တင့်ပြီး  ပိုမိုကောင်းမွန်သော  လေကြောင်းဆက်သွယ်မှုများကြောင့် အိန္ဒိယ၊ ရုရှား၊ အာရှနှင့် အာရပ်နိုင်ငံများစသည့်  ဖွံ့ဖြိုးစဈေးကွက်များ (Emerging Market) မှ ခရီးသည် များ၏  ခရီးသွားလာမှုနှုန်းသည်  မြင့်တက်လာလိမ့်မည်ဟုလည်း ခန့်မှန်းထားပါသည်။  ထို့အပြင် ပြောင်းလဲရန်နှင့် ပြသရန် ခရီးသွားခြင်း (Travel to change and toshow) ၊ ကျန်းမာရေးအတွက် ရွေးချယ်မှုများပြုလုပ်ခြင်း (the pursuit of healthy options) ၊      အသက်အရွယ်စုံခရီးသွားခြင်း (multigenerational travel)     စသည့်      တိုးတက် ပြောင်းလဲလာသည့်        ခရီးသွားအတွေးအမြင်များကြောင့် တာဝန်သိခရီးသွားလာမှု       (Responsible Travel) ၏ အင်အားကောင်းမွန်လာမည်ဟု UNWTO မှ ထုတ်ပြန်ထားရှိ ပါသည်။ 

ပြောင်းလဲလာသော ဈေးကွက်ရှာဖွေရေးဗျူဟာများ

ယနေ့ကမ္ဘာတွင် Marketing ဟုခေါ်သော ဈေးကွက် ရှာဖွေရေးဗျူဟာများသည် ယခင်ကနှင့်မတူတော့ဘဲ ထူးခြားစွာပြောင်းလဲနေသည်ကို တွေ့ မြင်နိုင်ပါသည်။ Marketing  ပြုလုပ်ခြင်းဆိုသည်မှာ မိမိ၏ဝယ်သူများထံမှ Value ပြန်လည် ရရှိစေရေးအလို့ငှာ တန်ဖိုးရှိသော Customers Value များ ဖန်တီးပေးရန် သို့မဟုတ် (Customers) များနှင့် ခိုင်မြဲသော  ဆက်ဆံရေးတည်ဆောက်ရန်အလို့ငှာ  ကုမ္ပဏီများသည်  ဝယ်သူ (Customers) များနှင့်  နည်းဗျူဟာကျကျ  ထိတွေ့ ဆက်ဆံခြင်း ဖြစ်ပါသည်။ မိမိတို့၏ ထုတ်ကုန်များကို ရည်မှန်း  ဈေးကွက်ထဲသို့ ရောက်ရှိအောင် ကုန်ပစ္စည်း၊ ဈေးနှုန်း၊ နေရာ၊ အရောင်းတိုးမြှင့်ခြင်း၊ လူများ၊ လုပ်ငန်းစဉ်၊ ပစ္စည်းသက်သေ အထောက်အထားဟူသည့်   7 Ps ကို Marketing Mix အဖြစ် အသုံးချ၍ ဆောင်ရွက်ကြပါသည်။

မိမိတို့၏    ကုန်ပစ္စည်းများကို    ဈေးကွက်ထဲသို့    ပိုမိုထိုး ဖောက်နိုင်ရန် စည်းစနစ်ကျကာ နည်းလမ်းမှန်သောစီမံခန့်ခွဲမှု ရှိရပေလိမ့်မည်။ ယနေ့ခေတ်တွင် ကုမ္ပဏီနှင့် ဝယ်သူအပြင် ဒေသရှိ  လူ့အဖွဲ့အစည်းကိုပါ  အကျိုးရှိစေမည့်  Societal Marketing Concept ကို ပိုမိုအရေးပေးလာကြပါသည်။ ထို့အပြင် Cutomers များနှင့် ကောင်းမွန်သောဆက်ဆံရေးကို    ရေရှည်တည်ဆောက်နိုင်ရန်အတွက်    အမျိုးမျိုးသော   နည်းလမ်းများပါဝင်သည့် အစီအစဉ်များနှင့် နည်းဗျူဟာများကို    ချမှတ်ဆောင်ရွက်နေကြပါသည်။    ပြောင်းလဲလာသော ပတ်ဝန်းကျင်အနေအထားများအရ ယနေ့ Marketing 4.0 ဟုခေါ်သည့်  Marketing ပုံစံတွင် သမားရိုးကျနည်းလမ်းမှသည် Digital နည်းလမ်းသို့ ပြောင်းလဲနေပါသည်။ Marketing 4.0 ဆိုသည်မှာ  ကုမ္ပဏီနှင့်  ဝယ်သူများအကြား အွန်လိုင်းနှင့်  အွန်လိုင်းမဟုတ်သောနေရာများ နှစ်နေရာလုံးမှ အပြန်အလှန်ဆက်သွယ်ခြင်းကို ပြုလုပ်သည့် ဈေးကွက်ရှာဖွေရေး  လမ်းစဉ်တစ်ခုဖြစ်သည်ဟု  အမေရိကန်Marketing ပညာရှင် Philip Kotler မှ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ထို့ကြောင့် ပြောင်းလဲလာသော  Marketing  သဘော တရားများကို လုပ်ငန်းများအားလုံးအနေဖြင့်  လိုက်ပါဆောင်ရွက်နိုင်ရန် အလွန်အရေးကြီးလှသည်။   ယနေ့  Marketing 4.0 ၏ အရောင်းတိုးမြှင့်ခြင်းလုပ်ငန်းစဉ်တွင် ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊  ကိုယ်တိုင်သွားရောက်ရောင်းချခြင်း၊ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံခြင်းနှင့် တိုက်ရိုက်ဈေးကွက် ရှာဖွေခြင်းတို့အပြင် Digital Marketing ၏ အခန်းကဏ္ဍသည်  သိသာစွာ  ပါဝင်လာသည်ကို  တွေ့နိုင်သည်။ Digital Marketing ဆိုသည်မှာ Mobile Phone ၊ Laptop စသည့် Digital Devices များကို အသုံးပြု၍ Website ၊ Social Media ( Facebook ၊ Instagram ၊ Twitter ၊ etc) ၊ Mobile Apps ၊ Online Video ၊ Email ၊ Blogs စသည့် Digital Marketing Tools များဖြင့်  Customers များထံသို့  မိမိတို့ ကြော်ငြာလိုသော အကြောင်းအရာကို အချိန်မရွေးပေးပို့ Marketing ပြုလုပ်ခြင်း ဖြစ်ပါသည်။

နည်းပညာအသုံးပြု၍ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ခြင်း

ကမ္ဘာနိုင်ငံအသီးသီးသည် မိမိတို့၏ ခရီးသွားဆွဲဆောင်မှုများကို ခရီးသွားဧည့်သည်များ ပိုမိုသိရှိနိုင်စေရန်   အမျိုးမျိုးသော    မီဒီယာများအသုံးပြု၍    မြှင့်တင်ကြော်ငြာခြင်းများ ပြုလုပ်ကြရသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏  ၂၀၁၈ ခုနှစ် ဆောင်ပုဒ်ဖြစ်သော “ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့  ဒစ်ဂျစ် တယ်နည်းပညာဖြင့် ပြောင်းလဲစို့” - “Tourism and the Digital Transformation” ဟူသော ဆောင်ပုဒ်အတိုင်း ပြောင်းလဲလာသော နည်းပညာခေတ်တွင် ဒစ်ဂျစ်တယ်နည်း ဖြင့်   ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို  ဦးစားပေး ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ခရီးသွားလုပ်ငန်းအနေဖြင့် ဟိုတယ်များနှင့်  လေကြောင်းလိုင်းများ၏ Online Booking ဆောင်ရွက်ခြင်းမှသည်   ခရီးသွားလုပ်ငန်းနှင့်  သက်ဆိုင်သော  စီးပွားရေးလုပ်ငန်းများကို          ဒစ်ဂျစ်တယ်နည်းပညာတွင် ဦးဆောင်အစပျိုးသူ (Digital Pioneer) အဖြစ် ပြောင်းလဲရတော့မည် ဖြစ်ပါသည်။ သို့မှသာ တိုးတက်ပြောင်းလဲလာသော စီးပွားရေးအခွင့်အလမ်းများတွင်      ခရီးသွားလုပ်ငန်းသည် တီထွင်ဆန်းသစ်ပြီး    ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်  Digitalized Tourism Sector အဖြစ် ရေရှည်အောင်မြင်မှု ရရှိနိုင်မည် ဖြစ်သည်။
ယနေ့ခေတ်တွင် ခရီးသွားဧည့်သည်များသည်  Digital Platforms များဖြစ်သည့် Social Media User- generated Content များရေးသားခြင်း၊ င်္ Feedback များပေးခြင်းဖြင့် ၄င်းတို့၏ ခရီးသွားအတွေ့အကြုံများကို ပြန်လည် ဝေမျှနေကြသည်။      အစိုးရနှင့်      ပုဂ္ဂလိကအဖွဲ့အစည်းများ အားလုံးအနေဖြင့်  နည်းပညာကို  ကောင်းမွန်စွာစီမံခန့်ခွဲနိုင်သည့် အင်အားကောင်းသောစနစ်များနှင့် Customers များကို Personalized Service များပေးနိုင်သည့် ဝန်ဆောင်မှု စနစ်များကို အွန်လိုင်းမှတစ်ဆင့် လွယ်ကူလျင်မြန်စွာ ဆောင် ရွက်ပေးနိုင်ရန် ကြိုးပမ်းကြရမည် ဖြစ်ပါသည်။

ခရီးသွားလုပ်ငန်းတွင် ဦးဆောင်နေသောနိုင်ငံများ၏ အနေအထား


ခရီးသွားလုပ်ငန်းတွင်  အောင်မြင်ကျော်ကြားနေသော နိုင်ငံများသည်  ၄င်းတို့၏  ခရီးသွားလုပ်ငန်း  ဈေးကွက်ရှာဖွေခြင်းကို Digital Platforms များမှ ၄င်းတို့နိုင်ငံ ဈေးကွက်ရရှိရေးကို      တစ်ဟုန်ထိုး    ယှဉ်ပြိုင်ဆောင်ရွက်နေသည်ကို တွေ့မြင်နိုင်သည်။    ဥပမာအားဖြင့်    ခရီးသွားလုပ်ငန်းဖြင့် အောင်မြင်တိုးတက်နေသော    နိုင်ငံများ၏   Marketing ပြုလုပ်နေမှုများကို      လေ့လာကြည့်လျှင်      ဆွဲဆောင်မှုရှိရှိ စနစ်တကျ  ရေးသားလွှင့်တင်ထားသော  Well-designed responsive websites များနှင့် လူမှုကွန်ရက်မီဒီယာများ (Facebook ၊ Twitter ၊ Instagram etc)  တွင် အခပေး ကြော်ငြာခြင်းများ ပြုလုပ်လာကြသည်။ အောင်မြင်ကျော်ကြား သော ခရီးသွားလုပ်ငန်း Website များအနက် အာရှ-ပစိဖိတ် ဒေသရှိ Tourism Fiji ၊ Visit Korea ၊ TourismNew Zealand ၊ Tourism Western Australia တို့ကို အင်တာနက်စာမျက်နှာများ၏      အကောင်းဆုံးစာရင်းတွင် ဖော်ပြထားသည်ကို  တွေ့ရသည်။ Meltwater ၏  စစ်တမ်းအရ  ၂၀၁၈  ခုနှစ်  အကောင်းဆုံး Instagram Account အရှိသည့် နိုင်ငံများတွင် Travel Alberta ၊ Visit California၊ Visit SLO ၊ Tourism New Zealand နှင့် VisitSingapore တို့ ပါဝင်ပါသည်။ Mensfield Website Discover Los Angeles ၊ Tourism Toronto ၊ Sweden on Airbnb ၊ #InLoveWithSwit-zerland ၊ Let Nova ScotiaSurprise You ၊ Exper-ience the Phillipines  တို့ကို      ၂၀၁၇    ခုနှစ်အတွက် အကောင်းဆုံးခရီးသွားလုပ်ငန်း    ကြော်ငြာဗီဒီယိုများအဖြစ် ရွေးချယ်ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ၏    အိမ်နီးချင်းနိုင်ငံဖြစ်သော    ထိုင်းနိုင်ငံ သည်ပင် ခရီးသွားလုပ်ငန်းတွင် အတော်ပင်အောင်မြင်မှု ရရှိနေပြီး ၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ခရီးသွားဧည့်သည် ၃၈ သန်းကျော်  ဝင်ရောက်ခဲ့သည်။  ထိုင်းနိုင်ငံ၏  ခရီးသွားလုပ်ငန်း ဦးဆောင်အဖွဲ့အစည်းဖြစ်သော Tourism Authority of Thailand (TAT) ၏ Digital နည်းဖြင့် ခရီးသွားဧည့်သည်များကို  သတင်းအချက်အလက်ပေးကာ  ဆွဲဆောင်နေသော amazingthailand website နှင့် လူမှုကွန်ရက်အကောင့်များတွင် ၄င်းတို့၏ ခရီးသွားလုပ်ငန်းအတွက် ကြိုးပမ်းအားထုတ် နေမှုများကို အားကျဖွယ် တွေ့ မြင်ရသည်။

ခရီးသွားလုပ်ငန်းဖြင့် နိုင်ငံ၏ ပုံရိပ်မြှင့်တင်ခြင်း

မြန်မာနိုင်ငံသည် အံ့ဩဖွယ် သဘာဝရေမြေတောတောင်များ၊ ခမ်းနားသောယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ မတူညီသော လူမျိုးစုများ၊ ထင်ရှားသော ဘာသာရေးအဆောက်အအုံများ၊  ဒေသခံများ၏ ဖော်ရွေပျူငှာမှု စသည့် များပြားလှသော ခရီး သွားဆွဲဆောင်မှုများနှင့် ပြည့်စုံသော ဒေသတစ်ခုဖြစ်ပါသည်။


သို့ရာတွင် မကြာသေးမီက မြန်မာနိုင်ငံကို စွပ်စွဲပြောဆိုသော  နိုင်ငံတချို့၏ သတင်းမှားများကြောင့် နိုင်ငံ၏ ပုံရိပ်သည် ဝေဝါးသွားသည်သာမက      ထိုဂယက်သည်      ခရီးသွားလုပ်ငန်းသို့ ကူးစက်ရိုက်ခတ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ခရီးသည်ဝင်ရောက်မှုသည် ၃ ဒသမ ၅၅ သန်းရှိခဲ့ရာ ကျေနပ်လောက်သည့် ပမာဏနှင့် ဝေးကွာနေပါသေးသည်။

ခရီးသွားကဏ္ဍအတွက်      တာဝန်ရှိအစိုးရအဖွဲ့အစည်း ဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏    ခရီးသွားလုပ်ငန်း   ပိုမိုဖွံ့ဖြိုးလာရေးအတွက် အဘက်ဘက်မှ  ကြိုးပမ်းဆောင်ရွက်နေသည်ကို  တွေ့မြင်ရသည်။ ခရီးသွားလုပ်ငန်းတွင် မြန်မာနိုင်ငံ၏ ဈေးကွက်ပိုမိုရရှိရေးအတွက်  ခရီးသွားမြှင့်တင်မှုများကို  ဆောင်ရွက်ရာတွင်  ခရီးသွားပြပွဲများသို့    သွားရောက်ပြသခြင်း၊    ပြည်တွင်းခရီးသွား ပြပွဲများ ပြုလုပ်ခြင်း၊ နိုင်ငံတကာ ခရီးသွားလုပ်ငန်းအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံကိုယ်စားပြု ခရီးသွား  သံတမန်များခန့်အပ်ခြင်း၊ ခရီးသွားစာစောင်များဖြန့်ဝေခြင်း၊ Promotion Videos များ ရိုက်ကူးခြင်း စသည့်လုပ်ငန်းများ အပြင်   ပြောင်းလဲလာသော   ခေတ်ရေစီးကြောင်းနှင့်အညီ Digital Marketing ကို ၂၀၁၈ ခုနှစ် ဩဂုတ်လလောက်မှ  စတင်၍   အကောင်အထည်ဖော်   ဆောင်ရွက်နေပါသည်။

ထို့အပြင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့်  ညီနောင်အသင်းများမှ  ခရီးသွားလုပ်ငန်းပညာရှင်များ ပါဝင်သော လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကာ မြန်မာနိုင်ငံ၏ ရည်မှန်း ဈေးကွက်နိုင်ငံများကို စနစ်တကျရွေးချယ်ကာ ဆောင်ရွက်နေပါသည်။  ဟိုတယ်နှင့်  ခရီးသွားလာရေးဝန်ကြီးဌာနမှ  မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်းကို ၄င်းရည်မှန်းဈေးကွက်များရှိ  ခရီးသွားဧည့်သည်များ  သိရှိနိုင်ရန် Digital Plat-forms များဖြစ်သော Website နှင့် Social Media များမှ တစ်ဆင့် မြှင့်တင်ကြော်ငြာနေပါသည်။ ဝန်ကြီးဌာန၏ Digital Marketing ဆောင်ရွက်မှု ပထမခြေလှမ်းအဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ Website ဖြစ်သော www. tourism.gov.mm ကို ဆန်းသစ်သော well-designed responsive website တစ်ခုအသွင်ဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ ၁၀  ရက်နေ့က  လွှင့်တင်နိုင်ခဲ့သည်။  ထို့အပြင်  မြန်မာနိုင်ငံ၏ Theme တစ်ခုဖြစ်သော “Myanmar BeEnchanted” များတွင် ဆောင်ပုဒ်နှင့်အညီ Social Media များတွင် ဆွဲဆောင်မှု ရှိသောဓာတ်ပုံများဖြင့် မြန်မာနိုင်ငံအကြောင်း ရေးသားဖော်ပြ၍ ကြော်ငြာခြင်း၊ Video များရိုက်ကူးခြင်း၊ ထိရောက်သော ခရီးသွားဆောင်းပါးများဖြင့်  မြှင့်တင်ကြော်ငြာခြင်းတို့အပြင်  မြန်မာနိုင်ငံ၏ ကောင်းသတင်းအမှန်အကန်များကို အွန်လိုင်းတွင်   ပိုမိုပျံ့ နှံ့စေပြီး   နိုင်ငံ၏ပုံရိပ်ကို    မြှင့်တင်နိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။    ဤသို့ဖြင့်    ခရီးသွားဧည့်သည် များသည်   မြန်မာနိုင်ငံ၏  အလှအပများကို   ပိုမိုသိရှိလာပြီး လာရောက်လည်ပတ်ကြခြင်းဖြင့် နိုင်ငံအပေါ်  ထင်မြင်နေသည့်  အယူအဆမှားများကို ပြောင်းလဲနိုင်မည်ဖြစ်ပြီး ကမ္ဘာ့အလယ်တွင် မြန်မာ့ပုံရိပ်သည် ပြန်လည်အသက်ဝင်လာကာ အောင်မြင်သော ခရီးစဉ်ဒေသတစ်ခုဖြစ်လာမည်မှာ မလွဲဧကန်ပင်။

ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် အနာဂတ်ခရီးသွားလုပ်ငန်းခရီးသွားလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်  ပုဂ္ဂလိကအဖွဲ့အစည်းများမှ     ပြောင်းလဲနေသော    ခရီးသွား ပုံသ္ဌာန် လမ်းကြောင်းနှင့်အညီ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်နေသည်ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်  သိရှိစေလိုသည်။  ပြောင်းလဲလာသော  နည်းပညာခေတ်တွင်  လူတိုင်းနီးပါး  လက်ကိုင်ဖုန်းများဖြင့်  အင်တာနက်အသုံးပြု နေကြခြင်းကြောင့် မိမိတို့၏ ကိုယ်ပိုင်လူမှုကွန်ရက်များမှ မြန်မာ နိုင်ငံ၏ကောင်းသတင်းများနှင့် လှပသော ခရီးသွားဆွဲဆောင်မှုများကို နိုင်ငံတကာမှ သိမြင်အောင် မျှဝေပေးခြင်းဖြင့် နိုင်ငံ့သားကောင်းတစ်ယောက်၏ တာဝန်ကို ရိုးရှင်းစွာ ထမ်းဆောင် နိုင်ပါသည်။

ဤသို့ဖြင့်    နိုင်ငံ၏ဘဏ္ဍာငွေကို    တစ်ဖက်တစ်လမ်းမှ  ရှာဖွေပေးနေသော ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပြည်သူများ၏  ခရီးသွားရေချိန်  သိမ်မွေ့မြင့်မားမှုနှင့်အတူ  ပူးပေါင်းပါဝင်မှုများသည်      နိုင်ငံအလျင်အမြန်      ဖွံ့ ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ ခရီးသွားလုပ်ငန်းဖြင့်  မြန်မာနိုင်ငံ၏  ပုံရိပ်မြှင့်တင်ကြော်ငြာခြင်း   လုပ်ငန်းများတွင် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ခြင်းဖြင့် ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့သော  အနာဂတ်ခရီးသွား လုပ်ငန်းတစ်ရပ်ဖြစ်လာမည်ဟု ယုံကြည်မိပါတော့သည်။

ဇင်ဇင် (ခရီးသွား)