မိုင်းဖြတ် ၂၀ မေ
ငမြှောင်တောင်ပိုး (FAW)အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တောင်သူအသိပညာပေး ဟောပြောပွဲကို မေ ၁၉ ရက် မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ် ပါလောင်းကျေးရွာရှိ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မိုင်းဖြတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လဲ့ရည်ထွန်းက ငမြှောင်တောင်ပိုး(FAW) ကျရောက်မှု ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ငမြှောင်တောင်ပိုး ကျရောက်သည့် မူရင်းဒေသများ၊ အဓိက ဖျက်ဆီးသည့် အပင်များ၊ ဖျက်ဆီးပုံ လက္ခဏာများ၊ ရုတ်တရက် ဆိုးရွားစွာ ကျရောက်ဖျက်ဆီးသည့် အကြောင်းရင်းများ၊ ကာကွယ်နှိမ်နင်းနိုင်သည့် နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး လက်ထောက်ဦးစီးမှူး ဦးအားဂျေက နှစ်ရှည်ရော်ဘာပင် စိုက်ပျိုးခြင်းဆိုင်ရာ နည်းပညာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တောင်သူများက ငမြှောင်တောင်ပိုး ကာကွယ်နှိမ်ခြင်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာ ကြည့်ရှုကြပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)