မြစ်ကြီးနား    ၂၀     မေ 

 


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အောင်မြင်သာစံပြကျေးရွာရှိ မြစ်ဆုံအပန်းဖြေစခန်း  ဒေသအခေါ် "ကချင် ချောင်းသာ" တွင် မေ ၁၉ ရက်နံနက်က အမျိုးသားသုံးဦး ရေချိုးဆင်းရာမှ ရေစီးနောက်မျောပါ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ မေ ၁၉ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ အောင်မြင်သာ စံပြကျေးရွာရှိ မြစ်ဆုံအပန်းဖြေစခန်း ဒေသအခေါ် "ကချင် ချောင်းသာ" သို့  မကွေးမြို့နယ်နေ မြင့်လွင်(၃၁ နှစ်)၊ ဆန်းလင်းမောင်(ခ)ဖိုးဆိတ်(၂၇ နှစ်)နှင့် အသုတ်မြို့နယ်နေသူ အောင်မျိုးဦး(၂၃ နှစ်)တို့သုံးဦး ရောက်ရှိလာပြီး ဧရာဝတီမြစ်အတွင်း ရေချိုးဆင်းချိုးရာမှ ရေစီးနှင့်မျောပါပျောက်ဆုံးခဲ့၍ အနီးရှိပြည်သူများက ဆက်သွယ်သတင်းပေးပို့မှုကြောင့် အောင်မြင်သာရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)