ချမ်းမြသာစည် ၂၀ မေ
ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေအသိပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ဝင်းသီရိကိုယ်ပိုင်ဘာသာရပ်သင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် စာစီစာကုံး၊ ဝတ္ထု၊ ဆောင်ပါး၊ ကဗျာ အခြေခံ စာရေးသားနည်းသင်တန်း(၁/၂၀၁၉) သင်တန်းဆင်းပွဲကို မန္တလေးမြို့၊ချမ်းမြသာစည် မြို့နယ်ရှိ Community Centre တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးတို့က အမှာစကားပြောကြားသည်။ ထို့နောက်မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးမြင့်ဆွေက သင်တန်းဆုချီးမြှင့်ပွဲကျင်းပရခြင်း ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများက စာစီစာကုံး၊ဝတ္ထု၊ဆောင်ပါး၊ကဗျာ အခြေခံစာရေးသားနည်းသင်တန်း ကဏ္ဍအသီးသီးတွင် ပထမ၊ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
အဆိုပါ သင်တန်းကို သင်တန်းသား သင်တန်းသူ ၇၀ ဖြင့် နှစ်လကြာဖွင့်လှစ်ခဲ့ပြီး ဆုချီးမြှင့်ပွဲကျင်းပခြင်းဖြစ်သည်။ ဆုချီးမြှင့်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်စံပယ်နှင့်တာဝန်ရှိသူများ၊ မြို့နယ်စာပေအသိပညာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်စာရေး ဆရာအသင်းမှ တာဝန်ရှိသူများ၊ဝင်းသီရိနှင့် မြင့်မြတ်ပညာကိုယ်ပိုင်ဘာသာရပ်သင်ကျောင်းများမှ ဆရာ ဆရာမနှင့်ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)