ပန်းတနော် ၂၀ မေ
 
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပြည်တွင်းထွက်သီးနှံ အခြေခံတန်ဖိုးမြင့် စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက စစ်ကိုင်းကျေးရွာအုပ်စု၊ ထွန်းပအရှေ့ ကျေးရွာ တွင်ကျင်းပခဲ့သည်။

 

53947

 

အခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလင်းထွန်းက သင်တန်းတွင် သင်ကြားပို့ချသည့် ဘာသာရပ်များအပေါ် အလေးထားသင်ယူကျရန်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက  သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့မှုနှင့် သင်တန်းစည်းကမ်းများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ(၁၅)ရက်ကြာ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN