နေပြည်တော်    ၂၀   မေ 
    

 

Myanmar B2B Management Magazine က ကြီးမှူးကျင်းပမည့် “မြန်မာ့ကျောက် မျက်ရတနာနှင့် နိုင်ငံတကာဈေးကွက်အခွင့်အလမ်း” စကားဝိုင်းကို ရန်ကုန်မြို့ လမ်းမတော် မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) မင်္ဂလာခန်းမ၌ မေ ၂၁ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။
    

 

အဆိုပါ စကားဝိုင်းတွင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် က “Think Positive, Be Positive” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါက်တာ အောင်ကျော်ဝင်းနှင့် ဦးဇော်ဘိုခန့်၊ The Rich Gems မှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်လုလုတို့နှင့် စီးပွားရေးဆိုင်ရာ မေးခွန်းများကို တွေ့ဆုံမေးမြန်းသွားမည်ဖြစ်သည်။ 
    

 

Myanmar B2B Management Magazine သည် “မြန်မာ့စီးပွားထူးချွန်သူများနှင့် တွေ့ဆုံခြင်း”နှင့် “B2B စကားဝိုင်း” အစီအစဉ်များကို လစဉ်ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ အစီအစဉ်များတွင် လာရောက်လိုသူများအနေဖြင့် B2B စီးပွားရေးမဂ္ဂဇင်း Page တွင် online Register ပြုလုပ်၍ လည်းကောင်း၊ ဖုန်းနံပါတ် (ဝ၉-၇၈၅၆၀၆၀၆၀) သို့ အမည်၊ ဖုန်းနံပါတ်နှင့် Email လိပ်စာများပေးပို့ပြီး Register ပြုလုပ်၍ လည်းကောင်း တက်ရောက်နိုင်ကြောင်းသိရသည်။ 

 


မောင်မောင်မျိုး