အောင်လံ ၂၀ မေ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြိုနယ်ရှိ ကရင်မစမ်း၊ တပုလိုင်း၊ တင်းတော၊ ငရံ့ကျော်ကျေးရွာများတွင် မေ ၁၉ ရက် ညနေ (၄)နာရီခွဲမှစတင်၍ လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါကျေးရွာများတွင်ရှိ နေအိမ်(၄၉)လုံး၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ ပညာရေးဝန်ထမ်းအိမ်ယာ(၁)လုံး အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။

လေဘေးသင့် အိမ်ထောင်စု(၄၉)စုမှ လူဦရေ(၂၀၁)ဦးတို့အား နီးစပ်ရာဆွေမျိုးသားချင်းများနေအိမ်တွင် ခေတ္တယာယီနေထိုင်ရန် နေရာချထားပေးခဲ့ပြီး နေအိမ်များပြုပြင်ရေးတို့အတွက် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၏ အစီအမံဖြင့်စီစဉ်ဆောင်ရွက်လျှက်ရှိပြီး ကယ်ဆယ်ရေးပစ္စည်းများရရှိရေအတွက် ခရိုင်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
သိန်းလွင်(အောင်လံ)
