မိတ္ထီလာ ၂၀ မေ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အခြေခံစာတတ်မြောက်ရေးလုပ်ငန်းပြီးမြောက်ခြင်းဂုဏ်ပြုပွဲကို မေ ၂၀ နံနက်၁၀ နာရီကမိတ္ထီလာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက အခြေခံစာတတ်မြောက်လုပ်ငန်းတွင်ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုကျေးဇူးတင် စကားပြောကြားသည်။
ဆက်လက်၍ မိတ္ထီလာခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး မိတ္ထီလာခရိုင် စာသင်သားများကိုယ်စား မိတ္ထီလာမြို့နယ် ရေဝေကျေးရွာအုပ်စု ကံသာကျေးရွာ စာသင်ဝိုင်းမှ စာသင်သား ဒေါ်ခင်ရွှေ ထံသို့ သင်မြောက်ယူပြီးခြင်းလက်မှတ်များအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက ပေးအပ်ရာ ကံသာကျေးရွာမှ စာသင်သား ဒေါ်ကြင်ဥ က ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင်ပါဝင်ခဲ့ကြသည့် မိတ္ထီလာတက္ကသိုလ် ၊ နည်းပညာတက္ကသိုလ် ( မိတ္ထီလာ ) ၊ ကွန်ပျူတာ တက္ကသိုလ် (မိတ္ထီလာ )တို့မှ ကြီးကြပ်နည်းပြ ကျောင်းသားကျောင်းသူများအား ၄င်းတက္ကသိုလ်များမှပါမောက္ခချုပ်များ ၊ ဒုတိယပါမောက္ခချုပ်များက လည်းကောင်း၊ မိတ္ထီလာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မိတ္ထီလာခရိုင်ပညာရေးမှူးရုံး ၊ မိတ္ထီလာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် ( မိတ္ထီလာ) ၊ ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ )တို့အား တာဝန်ရှိသူများကလည်းကောင်း မှတ်တမ်းတင်ဂုဏ်ပြုလွှာများကို ပေးအပ်ချီးမြှင့်သည်။
မိတ္ထီလာခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည် မြို့နယ်များမှ စာသင်သား စုစုပေါင်း ၅၇၉၂ ဦး အား ကြီးကြပ်သူ ၅၀ ဦး နှင့် နည်းပြ ၁၀ဝ၂ ဦး တို့က ဧပြီလ ၉ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ မြန်မာစာ ၊ သင်္ချာ အရေးအဖတ်အတွက်အချက်များကို ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
ချမ်းသာ ( မိတ္ထီလာ)