ဘူးသီးတောင် ၂၀ မေ
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင် မြို့နယ်တွင် တိုက်ပွဲများကြောင့် ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူး ဦးစီးဌာနမှ ယနေ့ မွန်းလွဲပိုင်းတွင် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့စားရိက္ခာပေးအပ်ခြင်းကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦးကျော်မင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်သူဝင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်ကြီးတို့ဦးစီး၍ ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၁၄)စု၊ လူဦးရေ(၃၉၆)ဦးတို့အား စားရိက္ခာ ပဲ(၅၉၄)ပိဿာ၊ ဆီ(၁၄၈.၅)ပိဿာ၊ ဆား(၂၉.၇)ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ တိုက်ပွဲရှောင်ပြည်သူများမှ လက်ခံရယူခဲ့ကြသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက အားပေးစကားများ ပြောကြားခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN
