နွားထိုးကြီး ၂၀ မေ
နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နွားထိုးကြီးမြို့နယ်အတွင်း အသက်(၁၅)နှစ်နှင့်အထက် စာမတက်သူ(စာသင်လိုသူ)များအား စာသင်ကြားသည့် စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်က ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါအခမ်းနားကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်၊ ဦးစိန်ကျော်မိုး၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်တို့မှဂုဏ်ပြုကျေးဇူးတင်စကားပြောကြားခဲ့သည်။
စာမတက်သူ(စာသင်လိုသူ)များအား သင်ကြားပေးသည့် အဖွဲ့ခေါင်းဆောင် မြင်းခြံဒီဂရီ ကောလိပ်မှ ဒေါက်တာ သိန်းဦး ( ကထိက ရူပဗေဒဌာန )၊ကြီးကြပ် ဆရာ၊ဆရာမများ၊စေတနာ့ ဝန်ထမ်း ကျောင်းသား၊ကျောင်သူ(၁၂၈)ဦး၊ စာမတတ်သူ(စာသင်ကြား လိုသူ)များတက်ရောက်ခဲ့သည်။
နွားထိုးကြီး မြို့နယ်အတွင်ရှိ ကျေးရွာ(၆၄)ရွာမှ စာမတတ်သူ(စာသင်ကြားလိုသူ) ၅၅၉ ဦးအား စာသင်ဝိုင်း (၆၄)ဝိုင်းခွဲ၍ ရက်(၄၀)ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော် (နွားထိုးကြီး)