၂၀ မေ
တာဂျစ်ကစ္စတန်နိုင်ငံ ဒူရှန်ဘီ မြို့တော်အရှေ့ဘက် လုံခြုံရေးတင်းကျပ်သော အကျဉ်းထောင်တစ်ခုတွင် ဆူပူအုံကြွမှုတစ်ခုဖြစ်ပွားသဖြင့် အကျဉ်းသား ၂၉ ဦး နှင့် အစောင့်သုံးဦး သေဆုံးခဲ့ကြောင်း တရားရေးဝန်ကြီးဌာနကိုကိုးကား၍ ဒေသခံမီဒီယာက ယနေ့ ဖော်ပြထားသည်။
အိုင်အင်စ်အဖွဲ့ဝင်များဟုဆိုသူ အကျဉ်းသားများက ထောင်စောင့်သုံးဦးကို ဓားစာခံအဖြစ်ခေါ်ဆောင်သွားပြီး သတ်ခဲ့ကြောင်း ထို ဝန်ကြီးဌာနက အစောပိုင်းတွင် ပြောကြားခဲ့သည်။
ထိုအဖြစ်အပျက်မှာ လောလောဆယ် လူပေါင်း ၁၅၀ဝ ခန့်ကို ထိန်းသိမ်းထားသည့် အကျဉ်းထောင်အတွင်း ယနေ့အစောပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို