မကွေး ၂၀ မေ

 

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အနေဖြင့် နိုင်ငံတော်၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်နှင့် လူစွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် စက်မှုသင်တန်းကျောင်း(၆)ခုကို တည်ထောင်၍ စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေးအတွက် (၁)နှစ်သင်တန်းများဖြင့် နှစ်စဉ်လေ့ကျင့်သင်ကြားပေးလျက်ရှိရာ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)၏ စက်မှုကျွမ်းကျင် ပုံမှန်(၁)နှစ်သင်တန်း အမှတ်စဉ်(၉)သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၂၀ ရက် ယနေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်းရှိ Auditorium ခန်းမ၌ ကျင်းပပြလုပ်ကြောင်း သိရသည်။

 

ge 098

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဆွေက မကွေးတိုင်းဒေသကြီးဟာ ဖွံ့ဖြိုးမှုနောက်ကျကျန်ရစ်ခဲ့တဲ့ တိုင်းတစ်ခုဖြစ်ကြောင်း၊ တိုင်းအတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်တွင်းနယ်ပယ်အနှံ့မှသည် ပြည်ပအထိ လုပ်သားစီးထွက်မှုများတဲ့ ဒေသတစ်ခုဖြစ်ကြောင်း၊ ဒါဟာ ဒေသဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊ ပြင်ပစီးထွက်သွားမယ့် လုပ်သားများမှာ ကျွမ်းကျင်မှုအဆင့်မြင့်မြင့်ရှိနေခြင်းဖြင့် ဝင်ငွေမြင့်မားလာမည်ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်းရဲ့ ကျွမ်းကျင်မှု အရည်အသွေး တိုးတက်နေမှ နည်းပညာမြင့် ဝင်ငွေမြင့် အလုပ်အကိုင်တွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်မှာဖြစ်ကြောင်း ဒါကြောင့် သင်တန်းကျောင်းမှပို့ချမည့် သင်ခန်းစာများကို သင်တန်းသားများအနေဖြင့် ကြိုးစားလေ့လာသင်ယူ ကြဖို့လိုကြောင်း ပြောကြားပြီး  စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဖြိုးမြင့်ဆွေက စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

098

 

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)၏  စက်မှုကျွမ်းကျင် ပုံမှန်(၁)နှစ်သင်တန်း အမှတ်စဉ်(၉)အား CAD/CAM ဘာသာရပ်နှင့်  Automobile  ဘာသာရပ်တို့ဖြင့် (၂၀-၅-၂၀၁၉)မှ (၁၀-၄-၂၀၂၀)ထိ သင်တန်းသား သင်တန်းသူ(၁၇၀)ဦးတို့ဖြင့် တစ်နှစ်ကြာလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်းနှင့်  ယခင်ဖွင့်လှစ်ခဲ့သည့် သင်တန်းအမှတ်စဉ်(၁)မှ (၈)ထိ သင်တန်းသား သင်တန်းသူ (၁၁၉၂)ဦးကို စက်မှုကျွမ်းကျင်သူများအဖြစ် လေ့ကျင့်ပျိုးထောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

 

သန်းနိုင်ဦး(ငဖဲ)

 

0983