နေပြည်တော်  ၂၀  မေ 

 

ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Teodoro L. Locsin, Jr. နှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးနှင့် တတိယအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲ ကော်မရှင်အစည်းအဝေးတက်ရောက်ရန် ယနေ့ညနေ ၆ နာရီ ၅၅ မိနစ်တွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိသည်။

 

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် ဇနီးတို့အား နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။ 

 

(သတင်းစဉ်)

 

IMG_201