၂၁ မေ
ကီလိုမီတာ ၆၀ဝ ဝေးတဲ့ ပြိုင်ပွဲဝင် ခို ၁၀ ကောင်မှာ ၁ ကောင်သာ ပန်းတိုင်ကို ပြန်ရောက်နိုင်ပါတယ်။ ပြိုင်ပွဲဝင် ခိုတွေဟာ ပူပြင်းတဲ့ နေရောင်၊ ကြမ်းတမ်းလှတဲ့ ပင်လယ်ပြင်၊ သားကောင်တွေနဲ့အတူ ခိုတွေကို ပြန်ပေးစွဲတဲ့ လူတွေရဲ့ ရန်ကို ကျော်လွှားပြီး အိမ်ပြန်ရတဲ့ အပြေးပြိုင်ပွဲဖြစ်ပါတယ်။
မက် အာသာ ပြိုင်ပွဲလို့ ခေါ်တဲ့ ဖိလစ်ပိုင်က ခရီးကြမ်းရှည်ကို ဖြတ်ကျော်ပြီး အိမ်ပြန်ရတဲ့ ခိုပြိုင်ပွဲဟာ ငှက်တွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်သလို ငှက်ပိုင်ရှင်အတွက် စိတ်မတင်မကျဖြစ်ခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေနဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

ခိုပြိုင်ပွဲကြိုက်သူအဖြစ် လူသိများ ဂျမိန်းလင်းက ဥရောပတို့ အမေရိကန်တို့နဲ့ နှိုင်းယှဉ်ရင် ဒီမှာက သားရဲတိရစ္ဆာန်တွေ ပေါတယ်။ နောက်ပြီး လူတွေကလည်း ငှက်တွေပစ်ကြတယ်။ တောင်တွေပေါ်မှာ ဒီငှက်တွေကို ဖမ်းဖို့အတွက် ငါးဖမ်းပိုက်တွေကို ထောင်ထားကြတယ် အဲဒါက အကြီးမားဆုံးပြဿနာ ဖြစ်တယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ လူကြိုက်များတဲ့ ခိုပြိုင်ပွဲအတွက် ကလပ်အသင်း ပေါင်း ၃၀ဝ နီးပါးရှိပြီး ထောင်ချီတဲ့ အသင်းဝင်တွေ ရှိနေပါတယ်။

ဖိလစ်ပိုင်နိုင်ငံလိုဘဲ တခြားအာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံတွေမှာလည်း ခိုပြိုင်ပွဲတွေက လူကြိုက်များလာတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ မတ်လက တရုတ်လူမျိုး တစ်ဦးက မိုင်ချီပျံနိုင်တဲ့ ဘယ်လဂျီယံ ခိုတစ်ကောင်အတွက် လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၁.၄ သန်း အသုံးပြုခဲ့ပါတယ်။
ခိုပြိုင်ပွဲကို ၁၈၁၈ ခုနှစ်မှာ ဘယ်လဂျီယံနိုင်ငံမှာ စတင်ခဲ့ကြောင်း စွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။
MDN
ကိုးကား - AFP
