မင်းတုန်း  ၂၁ မေ


မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် မေ ၂၀ ရက်နေ့ ညနေက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၄၀ ကျော် ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။


မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ပြင်တိုက်နယ်တွင် ထိခိုက်မှုများပြားခဲ့ပြီး မဲဇလီကျေးရွာ၌ အိမ်ခြေ ၄၀ ကျော်နှင့် ကွင်းကြီး၊ မိုးနတ်၊ စပါးတန်း၊ ညောင်ပင်သာ၊ ကြပ်ဝ၊ လေသာကုန်း၊ ဝန်တွင်း၊ သရက်အုပ်၊ စွန်သိုက်နှင့် ဒါးလည်ပြင်ကျေးရွာတို့တွင်လည်း အိမ်တချို့ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။ 


မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်း မေလ ၁၂ ရက်နေ့နှင့် မေလ ၁၉ ရက်နေ့ကလည်း လေပြင်းတိုက်ပြီး မိုးကြိုးပစ်ခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး အခုနှစ်အတွက် ၃ ကြိမ်မြောက် လေပြင်းတိုက်ခတ်ခြင်းဖြစ်ကာ ယခုဖြစ်စဉ်မှာ ပျက်စီးမှု အများဆုံးဖြစ်ကြောင်း သိရသည်။


ကိုလွင်(ဆွာ)