နေပြည်တော် ၂၁ မေ
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများ နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီ၊ သတ္တုကဏ္ဍမှ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးတို့က ပြည်သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ဝန်ကြီးဌာနအလိုက် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
MDN