ကျောက်ကြီး ၂၁  မေ 

   
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် မေ ၂၀ ရက် ညနေ ၅ နာရီခွဲခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးပစ်ခတ်ခဲ့မှုတို့ ကြောင့် နေအိမ်(၁၅၅)လုံး အမိုးလန်ပျက်စီးကာ လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။


လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးရပ်ကွက်၊ သိန်တန်းရပ်ကွက်၊ မအူပင်ဆိပ်ကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာအုပ်စု ကျောက်စရစ်ကျေးရွာအုပ်စု၊ ပတ္တလားကျေးရွာအုပ်စု၊ ငထွေစုတ်ကျေးရွာအုပ်စု၊ နောက်ဘိုကျေးရွာအုပ်စု၊ ဒေါင်းမို့ကျေးရွာအုပ်စု၊ နတ်သံကွင်းကျေးရွာအုပ်စုနှင့် ဝဲကြီးကျေးရွာ အုပ်စု တို့တွင်  နေအိမ် ၁၅၅လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ ဘုရားကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်း နှစ်ကျောင်း နှင့် ပါတီရုံး တစ်ရုံးတို့  အမိုးလန်ခြင်း၊ သစ်ပင်ပိခြင်းများဖြစ်ပေါ်ခဲ့သည်။ 


ထို့ပြင် နောင်ဘိုကျေးရွာအုပ်စုရှိ ဒေါ်နော်ကဲမူး (၆၂)နှစ် သည်နေအိမ်တွင် ထင်းမီးဖိုဖြင့် ထမင်းချက် နေစဉ် စက်ကွင်းမိ၍ ဒေါ်နော်ကဲမူးနှင့် ၎င်း၏အိမ်တွင် မွေးထားသည့် ဝတ်တစ်ကောင်တို့ သေဆုံး ခဲ့ကြောင်း၊ နတ်သံကွင်းကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာနေ ဦးသန်းထွေး (၃၅)နှစ်သည် လယ်ထဲ၌ လယ်ထွန်နေစဉ် မိုးကြိုးထိမှန် သေဆုံးသွားခဲ့ကြောင်း၊ ပတ္တလားကျေးရွာ၌လည်း နွားနှစ်ကောင် မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။


အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် အိမ်များအမိုးလန်ကာသစ်ကိုင်းကျိုးကျမှုနှင့် သစ်ပင်ပြိုလဲမှုများ အား ကျောက်ကြီးမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင် ဦးဆောင်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာများ မီးသတ်တပ်ဖွဲ့ဝင်များl ရဲတပ်ဖွဲ့ဝင်များl ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများနှင့် ပူးပေါင်းပြီးရှင်းလင်းရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကိုသားကြီး(ကျောက်ကြီး)