မိုင်းယောင်း ၂၁ မေ
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် အစားထိုးသီးနှံနှစ်ချင်းမျိုးစေ့နှင့် ဘက်စုံအဆင့်မြှင့် နည်းပညာသုံး စံပြကျေးရွာအတွက် အထွက်တိုးမိုးစပါးမျိုးစေ့များ ပေးအပ်ပွဲ အခမ်းအနားကို မေလ ဒုတိယပတ်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက နှစ်ချင်းမျိုးစေ့များ ပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဘက်စုံအဆင့်မြှင့်နည်းပညာသုံး စံပြကျေးရွာတောင်သူများအား အစားထိုးသီးနှံမျိုးစေ့များနှင့် အထွက်တိုး မိုးစပါးမျိုးစေ့များကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း