လက်ပံတန်း ၂၁ မေ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မေ ၂၀ ရက်နေ့ ညသန်းခေါင်ယံအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လက်ပံတန်းမြို့နယ် အိုင်တလုတ် ကျေးရွာအုပ်စု၊ ရေငန်ကျေးရွာအုပ်စု၊ ယွန်းသွယ်ကျေးရွာအုပ်စုတို့တွင် နေအိမ် ၅လုံးပြိုလဲ၍ နေအိမ် (၃၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး လေဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ခေတ္တနေရာချထားပေးလျက်ရှိသည်။
လေပြင်း တိုက်ခတ်မှုကြောင့် အိုင်တလုတ်ကျေးရွာအုပ်စု၊ ရွာကလေးကျေးရွာတွင် နေအိမ်တစ်လုံး ပြိုလဲမှုကြောင့် ဒေါ်ဝင်း (၇၁)နှစ် နေအိမ်ပိ၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး