ဇီးကုန်း ၂၁ မေ 

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် မေ ၂၀ ရက် ညနေ ၆ နာရီခွဲခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု (၁၆)အုပ်စု၌ ကြက်မွေးမြူရေးခြံ တစ်ခြံ အပါအဝင် နေအိမ်(၂၂)လုံး ပြိုလဲပြီး စာသင်ကျောင်း (၃)ကျောင်း၊ ဘုန်းတော်ကြီးကျောင်း (၇)ကျောင်းနှင့် လူနေအိမ် (၄၀၉)လုံးတို့ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည်။ 

 

0732

 

အဆိုပါ ပြိုလဲပျက်စီးရာနေရာများသို့ တပ်မတော်သား အင်အား(၈၀)တို့သည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြိုလဲပျက်စီးသည့် တောင်ပို့သာယာအုပ်စု၊ ကဇင်းကြီးအုပ်စု၊ ကန္တလီအုပ်စု၊ သစ်နဖားအုပ်စု၊ နွားတဲကုန်းအုပ်စုများရှိ နေအိမ်အဆောက်အအုံများအား ကူညီရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ဇီးကုန်း)

 

3037