ဒီးမော့ဆို ၂၁ မေ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဆင်တောင်ကျေးရွာအုပ်စု ဝီသဲကူး (မြောက်) ကျေးရွာတွင် နေအိမ် ၂၁ လုံး၊ အောင်သာယာကျေးရွာတွင် နေအိမ် နှစ်လုံး၊ လီဝိုးကျေးရွာတွင် နေအိမ် လေးလုံးနှင့် စာသင်ကျောင်း တစ်ကျောင်း အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ပျက်စီးနေမှုအား ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာများ၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လင်းရွှေစင်ဦးနှင့် ဝန်ထမ်းများက လာရောက်ကြည့်ရှုစစ်ဆေးပြီး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် လူနေအိမ် ၂၇ လုံးအတွက် ပြန်လည်ပြုပြင် ဆောင်ရွက်နိုင်ရန် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် ၂၀၅၇၅၀ဝ နှင့် ထောက်ပံ့ပစ္စည်း (၁၀) မျိုးပါ ပုံး ၂၇ ပုံးကို ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းအပြင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်း ကျိုးကျနေမှုများကို လာရောက်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)