အောင်လံ ၂၂ မေ


မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်ရှိ အလယ်ရွာကျေးရွာ၌    မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်သော နယ်လှည့် ကွင်းဆင်း ပညာပေးဟောပြောခြင်းကို မေ ၂၁ ရက် မွန်းလွဲပိုင်းက ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။


ယင်းဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှုး ဦးမျိုးသိန်းက စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ၊ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းသွားလာရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း ဟောပြောဆွေးနွေးခဲ့သည်။ 


ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမြင့်ဦးက ဖောငမြှောင်တောင်ပိုးအကြောင်း သိကောင်းစရာများကို  ရှင်းလင်းဆွေးနွေးဟောပြောကာ ဒုလက်ထောက် ဦးစီးမှူး ဒေါ်အေးသိမ့်က GAP စိုက်ပျိုးနည်းစနစ်အကြောင်းကို သင်တန်းပို့ချ၍ GAP စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများဆောင်ရွက်လိုကြောင်းလျှောက်လွှာပုံစံများကို တက်ရောက်လာသော တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

           
သိန်းလွင်(အောင်လံ)  

 

1