ပခုက္ကူ ၂၂ မေ        


ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနနှင့် စေတနာရှင်များပူးပေါင်းပြီး မေလ ၂၁ ရက်တွင် သောက်သုံးရေ ရှားပါးနေသော ဒေသများသို့  သောက်သုံးရေဖြန့်ဝေလှူဒါန်းခဲ့သည်။


ပခုက္ကူမြို့နယ် မန်ကျည်းသုံးပင်အုပ်စု မန်ကျည်းသုံးပင်ကျေးရွာအိမ်ထောင်စု ၁၃၂ အိမ်အတွက် သောက်သုံးရေ ရေဂါလန်ပေါင်း ၅၈၀ဝ ကိုလည်းကောင်း၊ မွန်းလွဲ ၁ နာရီတွင် မြိုင်မြို့နယ် နှမ်းဆီကန်အုပ်စု သရက်ကန်တောင်တောတိုက်အိမ်ထောင်စု ၁၂၀ အိမ်အတွက် သောက်သုံးရေဂါလန် ၆၀ဝ၀ ကိုလည်းကောင်း၊

 

 

1

ညနေ ၅ နာရီတွင် မြိုင်မြို့နယ် ညောင်ရွာအုပ်စု ပန်းတိုင်းတော အနောက်ကျေးရွာအိမ်ထောင်စု ၄၉၃ အိမ်အတွက် ရေဂါလန်ပေါင်း ၆၀ဝ၀ ကိုလည်းကောင်း၊ ည ၈ နာရီတွင် ပခုက္ကူမြို့နယ် မြောက်လူးကန်ကျေးရွာ ပုဗ္ဗာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် ရေဂါလန် ၃၆၀ဝ ကိုလည်းကောင်း စုစုပေါင်း ရေဂါလန် ၂၁၄၀ဝ ကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်(၁)စီး၊ ရေဂါလန် ၂၄၀ဝ ဆံ့ ရေသယ်ယာဉ်(၁)စီးတို့ဖြင့်သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။


သောက်သုံးရေ လှူဒါန်းရာသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဦးနေဝင်းနှင့် ဝန်ထမ်များ၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ယုဝ ဝိသောဓကအသင်း ကုဋီ သန့်ရှင်းရေးနှင့် ဝေယျာဝစ္စအဖွဲ့၊စေတနာရှင်ပြည်သူများကစုပေါင်းလှူဒါန်းခဲ့ကြသည်။ 


ယခုကဲ့သို့ လှူဒါန်းနိုင်ရန် ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရားကြီးရေတိုင်၊ ကမ္မမြို့ အမှတ် ၆ အရေးပေါ် ရေတိုင်နှင့် ကမ္မမြို့ ကောင်းဂုဏ်ဟိန်း ကိုယ်ပိုင်ကျောင်းရေတိုင်တို့မှ ရေကားများသို့ သောက်သုံးရေ အခမဲ့ ရေဖြည့်ပေးခြင်းဖြင့်ကူညီပေးခဲ့ကြောင်း သိရသည်။


ကိုဇော်(ဓာတု)

 

1