တံတားဦး ၂၂ မေ 


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အောင်မြေ သာစည် စာချစ်သူများအသင်းတို့ ပူးပေါင်းပြီး ကလေးလူငယ်များအား အခြေခံကဗျာစပ်နည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်/ဆက်ဦးစီးဌာန လူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။
    

အခမ်းအနားတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးမှူး ဦးဘိုမောင်နှင့် အောင်မြေသာစည် စာချစ်သူ များအအသင်းဥက္ကဌ ဦးခင်ဆွေတို့က အမှာစကား ပြောကြားကြပြီး၊ စာရေးဆရာ ကိုရင်ထွန်းလွင်  (သမန်းကန်)က လူငယ်များ ကဗျာစာပေကို စိတ်ဝင်စားပြီး၊ ကဗျာကို ပိုမိုချစ်မြတ်နိုးစေရန် ရည်ရွယ်ပါကြောင်း၊ ဒါ့အပြင် ကျောင်းသား/သူများနှင့် ကလေးလူငယ်များကို  အခြေခံကဗျာစပ်နည်း ၄-၃-၂ ပုံစံဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
    

အဆိုပါ အခြေခံကဗျာစပ်နည်းသင်တန်းကို မေလ ၂၂ ရက်နှင့် ၂၃ ရက် နံနက်(၁၀)နာရီမှ နေ့လည် (၁၂)နာရီ အချိန်ထိ ဖွင့်လှစ်ပေးမည်ဖြစ်ရာ မေလ(၂၂)ရက်နေ့တွင် စာရေးဆရာ ကိုရင်ထွန်းလွင်(သမန်းကန်)က အခြေခံကဗျာစပ်နည်းကို လည်းကောင်း၊ (၂၃)ရက်နေ့တွင် စာရေးဆရာ ကိုခန့် တံတားဦး)က အခြေခံမော်ဒန် ကဗျာစပ်နည်းကို လည်းကောင်း သင်ကြားပေးမည်ဖြစ်ရာ အဆိုပါ သင်တန်းသို့ သင်တန်းသား/သူ(၃၀)ဦး တက်ရောက်သင်ယူကြကြောင်း သိရှိရသည်။


ရဲတင့် (ပြန်/ဆက်)