သာယာဝတီ ၂၂ မေ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကျီးကွင်းကျေးရွာအုပ်စု လိပ်အင်းမင်းလမ်းကျေးရွာရှိ အမျိုးသမီးများအတွက် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို မေ ၂၁ ရက်နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်က အမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မိုးက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းနှင့်အတူ သင်တန်းအထောက်အကူပြု ပစ္စည်းများကို သင်တန်းသူများထံသို့ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကာလမှာ ယခုနှစ် မေ ၂၁ ရက်မှ ဇွန် ၂၁ ရက်အထိ တစ်လကြာ သင်ကြားပို့ချသွားမည် ဖြစ်ပြီး သင်တန်းသို့ သင်တန်းသူ ၂၅ ဦးတက်ရောက်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ငါန်းဇွန်)