ကန်ပက်လက် ၂၂ မေ 


ချင်းပြည်နယ် မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများအနက် မဆာတွီ-ဖျန်ချောင်း-ခုတ်ကျေးရွာချင်းဆက် မော်တော်ကားလမ်းသစ် ဖောက်လုပ်ပြီးစီးမှု အခြေအနေ အား မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးသည် ခရိုင်ကျေးလက်လမ်းဦးစီးမှူး ဦးဆန်းထွန်း၊ ကန်ပက်လက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေ ၂၁ ရက်က ကွင်းဆင်းစစ်ဆေးရာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်မှာကြားခဲ့သည်။


အဆိုပါလမ်းသည် ချင်းပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၃၇ ဒသမ ၅ သန်းဖြင့် ထွဋ်ခေါင်ကြီးကုမ္ပဏီနှင့် Winner Myanmar တို့က လမ်းအကျယ် ၂၄ ပေနှင့်အရှည် ၅ မိုင်ကိုဖောက်လုပ်ခြင်းဖြစ်ပြီး လမ်းဖောက်လုပ်ပြီးစီးပါက လမ်းအသုံးပြုဖြတ်သန်းသွားလာကြမည့် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအတွက်များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။


နေစု(ချင်းရိုးမ)