စစ်ကိုင်း ၂၂ မေ
စစ်ကိုင်းဓာတ်ပုံအသင်း၏ ၂၀၁၈-၂၀၁၉ ခုနှစ် အမှတ်စဉ် ( ၉) သင်္ကြန်မော်ဒယ်ဓာတ်ပုံပြိုင်ပွဲနှင့် အမှတ်စဉ် (၁၀) ဟော့ရှော့(၂) လပတ်ဓာတ်ပုံပြိုင်ပွဲများ ဆုများစိစစ်ရွေးချယ်ပွဲကို မေ(၂၂)ရက် နံနက်(၈)နာရီက စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်ပခဲ့သည်။
ပြိုင်ပွဲအမှတ်စဉ်(၉) သင်္ကြန်မော်ဒယ် ဓာတ်ပုံပြိုင်ပွဲတွင် အကဲဖြတ်အမှတ်ပေးစိစစ်ရွေးချယ်ရာတွင် ဒိုင်များအဖြစ် မောင်မောင်လှတင့်(မန်းတက္ကသိုလ်)၊ ဦးမန်းအောင် (ရွှေမင်းဝံစစ်ကိုင်း)၊ အထက်မြန်မာပြည် ဓာတ်ပုံအသင်းမှ ဦးဇော်မြင့်သန်း(မန္တလေး)၊ ဦးမောင်မောင်ဝင်း (ဟိန်း) နှင့် ဦးစစ်သွေးကျော် တို့တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။
ပါဝင်ယှဉ်ပြိုင်သည့် ဓာတ်ပုံပေါင်း(၅၂)ပုံဖြစ်ကာ ပထမဆုကို ဖိုးလပြည့်၊ ဒုတိယဆုကို အောင်ကိုလတ်၊ တတိယဆုကို အေးကျော်(ဟေမန်)၊ နှစ်သိမ့် ဆု (၁)ဆုကို ဖိုးလပြည့်၊ နှစ်သိမ်ဆု(၂)ဆုကို အေးကျော်(ဟေမန်)၊ နှစ်သိမ့်(၃)ဆုများကို အောင်ကိုလတ်တို့က ရရှိခဲ့ကြသည်။
အမှတ်စဉ်(၁၀) ဟော့ရှော့(၂) ဓာတ်ပုံပြိုင်ပွဲ ဓာတ်ပုံများစိစစ်ရွေးချယ်ရာတွင် အကဲဖြတ်အမှတ်ပေးဒိုင်များအဖြစ် ဦးစောအောင်မင်း (နယူးအာရှ)၊ ဦးဇော်မြင့်သန်း(မန္တလေး)၊ ဦးသန်းထွန်းဝင်း (စစ်ကိုင်း)၊ ဦးမောင်မောင်ဝင်း (ဟိန်း)၊ ဦးစစ်သွေးကျော်တို့က ဆောင်ရွက်ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်ဓာတ်ပုံပေါင်း (၅၈)ပုံဖြစ်ပြီး ပထမဆုကို အောင်မျိုးခိုင် (ရွှေမင်းဝံ-၂-)၊ ဒုတိယဆုကို အောင်ကိုလတ်၊ တတိယဆုကို လှိုင်မျိုး၊ နှစ်သိမ့်(၁)ဆုကို ဇော်ဝင်းအောင်၊ နှစ်သိမ့်(၂)ဆုကို စိုးမင်းကြည်၊ နှစ်သိမ့်(၃)ဆုကို အောင်ကိုလတ် တို့က အသီးသီးရရှိခဲ့ကြကြောင်း သိရသည်။
မျိုးဝင်း (စစ်ကိုင်း)