မကွေး ၂၂ မေ
မကွေးမြို့နယ်တွင် မေ ၂၀ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်များမှ လေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ ၆ ရွာတွင် လူနေအိမ်များ ပြိုလဲခြင်း၊ အမိုးလန်ခြင်း စုစုပေါင်း အဆောက်အဦ ၃၆ လုံး ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအခါ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက် ပစ္စည်းများနှင့် ထောက်ပံ့ငွေများ၊ ကယ်ဆယ်ရေးပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေဖြိုးလေး(မကွေး)
