၂၂ မေ

ပြီးခဲ့သည့်ဧပြီလ၏ အင်ဒိုနီးရှားနိုင်ငံ သမ္မတရွေးကောက်ပွဲ တရားဝင်ရလဒ်များကို ကန့်ကွက်ဆန္ဒပြရန် ယမန်နေ့က ဂျကာတာမြို့တော်တွင် ထောင်နဲ့ချီသောလူများ စုရုံးခဲ့ကြကြောင်း သိရသည်။

ပြိုင်ဘက်ကိုယ်စားလှယ်လောင်း ပရာဘိုဝို ဆူဘီရမ်တို ထောက်ခံသော ဆန္ဒပြသူများက ထိုသမ္မတရွေးကောက်ပွဲသည် အကြံအဖန်လုပ်သော ရွေးကောက်ပွဲဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲကော်မရှင်က ပရာဘိုဝို ဆန္ဒမဲ ၄၄ ရာခိုင်နှုန်းရရှိချိန်တွင် ဂျိုကိုဝီဒိုဒို က ဆန္ဒမဲ ၅၅ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး နောက်ဆုံးဆန္ဒမဲရေတွက်မှုကို အပြီးသတ်ခဲ့သည်။

 

mdn

 

အင်ဒိုနီးရှားနိုင်ငံ၏ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့က  ယင်းသမ္မတရွေးကောက်ပွဲတွင် မဲမသမာမှု အထောက်အထားမရှိဟု ဆိုသည်။

ညနှောင်းပိုင်းက ထိုဆန္ဒပြမှုများသည် အကြမ်းဖက်မှုအသွင်သို့ ပြောင်းလဲခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့ကလူစုကွဲသွားရန် မျက်ရည်ယိုဗုံးပစ်ခဲ့ပြီး လူ၂၀ ဦးထက်မနည်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပရာဘိုဝို က တရားရုံးတွင် ထိုသမ္မတရွေးကောက်ပွဲ ရလဒ်များ မဟုတ်မမှန်ကြောင်း ငြင်းဆိုရန် စီစဉ်ထားသည် ဟု ဆိုသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို

 

mdn