နေပြည်တော် ၂၂ မေ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Vision 2020 တွင်ပါဝင်သော အရပ်ဖက်လူမှုအဖွဲ့အစည်းများအား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် Vision 2020 အဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရေး၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ မဲဆန္ဒရှင်အသိပညာပေးခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်း စသည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


