နေပြည်တော် ၂၂ မေ
တတိယအကြိမ် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နမိတ်ပူးတွဲစစ်ဆေးရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဦးမျိုးသန့်ဖေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် ပင်လယ်သမုဒ္ဒရာရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် Mrs. Wang Wenli ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တတိယအကြိမ် မြန်မာ-တရုတ် နယ်နမိတ်ပူးတွဲ စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော်ရန်အတွက် ကြိုတင်ပြင်ဆင်ရန်ရှိသည့် လုပ်ငန်းများအပေါ် အဓိကထား၍ နှစ်ဖက်ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ အဆိုပါအစည်းအဝေးကို မေ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်