နေပြည်တော် ၂၂ မေ 

 


ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
    

 

တွေ့ဆုံစဉ် ကော်မတီမှ တာဝန်ယူစိစစ်ရသည့် ဥပဒေကြမ်းများ၊ ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များ၊ အစိုးရအဖွဲ့အစည်းများနှင့် အပြန်အလှန် ထိန်းညှိဆောင်ရွက်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များ မေးမြန်းကြရာ ကော်မတီအဖွဲ့ဝင်များမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 


သတင်းစဉ်