နေပြည်တော် ၂၂ မေ

 


ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
    

 

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်မှ စတင်ဆွေးနွေးသည့် ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ဉပဒေပြုပုံအဆင့်ဆင့်၊ အမျိုးသားလွှတ်တော်မှ စတင်ဆွေးနွေးသည့် ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ဉပဒေပြုပုံအဆင့်ဆင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ တင်သွင်းသည့် ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ဉပဒေပြုပုံအဆင့်ဆင့်၊ ပြည်ထောင်စုလွှတ်တော်မှ (အသစ်၊ ပြင်ဆင်၊ ရုတ်သိမ်း) ပြဋ္ဌာန်းပြီးသည့် ဉပဒေများနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ ကော်မတီမှ တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
    

 

သတင်းစဉ်