စစ်တွေ ၂၂ မေ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Fillippo Grandi အား ယနေ့မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရနှင့် UNHCR, UNDP တို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် သက်တမ်းတိုးမြှင့်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ NVC ကတ်ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများ ကျယ်ပြန့်စွာသိရှိနိုင်ရေး၊ တိုက်ပွဲရှောင်ပြည်သူများအရေးနှင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Fillippo Grandi သည် စစ်တွေမြို့နယ်အတွင်းရှိ ဆေးသမားကြီး IDP စခန်းနှင့် ခေါင်းဒုက္ကာ(၂) IDP စခန်းတို့သို့ သွားရောက်လေ့လာကြည့်ရှုသည်။
(သတင်းစဉ်)