တပ်ကုန်း ၂၃ မေ
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်း မေ ၂၂ ရက် ည ၇ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လွှဘုံ၊ သံပုရာကုန်း၊ ကင်မွန်းတန်း၊ ရှားတော၊ ညောင်တုံးအိုင်၊ ရေအေး၊ ကျေးချောင်း၊ ခရမ်းစပ်ကုန်း၊ ကံလှ၊ လယ်ဇပင်၊ သာယာအေး၊ အေးချမ်းသာစံပြ၊ ရွေးစုနှင့် သာယာဝှမ်းကျေးရွာတို့တွင် လူနေအိမ် စုစုပေါင်း (၁၁၈)လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကံလှကျေးရွာတွင် လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)