မိုင်းပန် ၂၃ မေ
မိုင်းပန်မြို့နယ် ကုန်းကျိုင်းကျေးရွာတွင် သောက်ရေတွင်း ချို့ယွင်းမှုကြောင့် သောက်ရေအခက်အခဲဖြစ်နေရာ ဒေသခံပြည်သူများအတွက် မိုင်းပန်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယမန်နေ့ ညနေ (၅) နာရီခန့်က သောက်ရေသန့်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွဋ်ဦးရှိန် နှင့် မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ထွန်းလှ တို့၏ ဦးဆောင်မှုဖြင့် သောက်ရေအခက်အခဲဖြစ်နေသည့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ကုန်းကျိုင်းကျေးရွာနေ အိမ်ထောင်စု (၁၇) စုမှ လူဦးရေ (၇၃) ဦးတို့အတွက် သောက်ရေသန့်များကို တပ်ဖွဲ့ဝင် မိသားစု များနှင့်အတူ သွားရောက်လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN
