ရန်ကုန် ၂၃ မေ
ကိုးရီးယားနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများ ဈေးရောင်းပွဲတော် (Korea Expo 2019) ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် Hyundai Motor ၏ မြန်မာပြည်ကိုယ်စားလှယ်ဖြစ်သော InternationalKLM Co. Ltd မှတာဝန်ရှိသူတို့က Korea Expo 2019 ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
(Korea Expo 2019) ကိုးရီးယားနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများဈေးရောင်းပွဲတော်အား မေ ၂၃ မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်မည်ရောင်းချမည်ဖြစ်ပြီး ဈေးရောင်းပွဲတော်၌ Hyundai Motor ၏ မြန်မာပြည်ကိုယ်စားလှယ်ဖြစ်သော International KLM Co. Ltd မှ ပြည်တွင်းတွင် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ထားသော Hyundai Grand i 10 . 2019 နှင့် Creta 2019 ကားသစ်များ စတင်မိတ်ဆက်ခြင်းကဏ္ဍ၊ Korea နဲ့ပတ်သက်တဲ့ အစားအသောက်တွေ Cosmetics တွေ၊ လူသုံးကုန်ပစ္စည်းများ အပါအဝင် ကိုရီးယားနိုင်ငံထုတ် အရည်အသွေးမြင့် ကိုရီးယားပစွည်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန် / ဆက်)