နေပြည်တော်  ၂၃  မေ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူး၍ “သမိုင်းဆိုင်ရာအတွေ့အကြုံများ စကားဝိုင်းဆွေးနွေးပွဲ”ကို အမျိုးသားပြတိုက် (ရန်ကုန်)၊ ပထမထပ်ရှိ အမျိုးသားစာကြည့်တိုက်ခွဲ(ရန်ကုန်)၌ ဇွန် ပထမပတ်မှစ၍ (၄)လလျှင် (၁)ကြိမ် ကျင်းပမည်ဖြစ်ပြီး ပထမအကြိမ် စကားဝိုင်းဆွေးနွေးပွဲကို ဇွန် (၁၂)ရက် နံနက် (၁၀) နာရီတွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ဒေါက်တာကျော်ဝင်း၊ အတွင်းရေးမှူး၊ မြန်မာသမိုင်း အဖွဲ့(သမိုင်းပါမောက္ခ(ငြိမ်း)၊ရန်ကုန်တက္ကသိုလ်)က ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး မြန်မာသမိုင်း အဖွဲ့ဝင်များသော ဦးသန်းလွင် နှင့် ဦးဂျယ်ရီကြိုင် တို့က ပါဝင်ဆွေးနွေးသွားကြမည်ဖြစ်သည်။

ထို့အတွက် သမိုင်းဆိုင်ရာ အသိပညာဗဟုသုတများကို စိတ်ပါဝင်စားသူ အများပြည်သူများအနေဖြင့် မည်သူမဆိုပါဝင်တက်ရောက်နိုင်ပါကြောင်း  သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။ 

(သတင်းစဉ်)