တောင်တွင်းကြီး ၂၃ မေ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာအုပ်စု၊ ဆည်ကုန်းရွာမှ လယ်ဧက ၁၀ဝ၀ ခန့် ဆည်ရေသောက်စိုက်ပျိုးနိုင်သည့် ကျောက်မိချောင်းဆည် လက်ဝဲမြောင်းကြီးအား မြောင်းဖော်ခြင်း၊ သဲထုတ်ရေတံခါး ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီး ၂ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်၊ တောင်တွင်းကြီးမြို့နယ် ဆည်မြောင်းထိန်းသိမ်းရေး ဦးစီးအရာရှိ ဦးသန့်ဇင်ဦး၊ လက်ထောက်ဦးစီးမှူး ဦးအောင်ကျော်သူ တို့မှ ယနေ့ နံနက် ၁၁ နာရီအချိန်က ဆည်အဝမှ အဆိုပါကျေးရွာထိပ်အထိ ပေ ၃၅၀ဝ ခန့်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ကုက္ကိုကုန်းကျေးရွာရှိ ဘူတာကုန်းနှင့် အ.ထ.က ကျောင်းလမ်းအား VDP ရန်ပုံငွေ သိန်း ၁၀ဝ နှင့် ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် လမ်းအသစ်ခင်းထားသည့်  ထု ၇ လက်မ၊ ၁၀ ပေအကျယ်၊ ၁၀၄၀ ပေ အရှည်ရှိသည့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တလုပ်ကုန်းကျေးရွာအုပ်စု၊ လမိုင်းကျေးရွာ၊ ခြောက်ထောင်ဆည် ကိုယ်ထူကိုယ်ထ ပြုပြင်နေမှုအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသညိ။

နိုင်ဝင်း(ပြန်/ဆက်)