မြန်မာသူဇာ
မြန်မာ့စီးပွားရေးလုပ်ငန်းများရဲ့ အချက်အချာဖြစ်တဲ့အပြင် ကုန်သွယ်ရေးနဲ့ထောက်ပံ့ပို့ဆောင်ရေးဗဟိုရပ်ဝန်းဖြစ်ပြီး နိုင်ငံ့ကုန်သွယ်မှုရဲ့ ၈၅ ရာခိုင်နှုန်း ကို ကိုယ်စားပြုနေတဲ့ ရန်ကုန်မြို့တော်မှာ ဒုတိယအကြိမ်ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို အွန်လိုင်းကနေစာရင်းပေးသွင်းပြီးကျွန်မအနေနဲ့ပါဝင်တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒီလိုနိုင်ငံတကာအဆင့်မီ စည်ကားသိုက်မြိုက်စွာကျင်းပနေတဲ့ အခမ်းအနားကြီးကို ပါဝင်တက်ရောက်ခွင့်ရချိန်မှာတော့ ကျွန်မအနေနဲ့ မြန်မာနိုင်ငံမှာ ဒီလိုအခမ်းအနားကြီးကိုခမ်းနားထည်ဝါစွာကျင်းပပြီး ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေတဲ့ နိုင်ငံတော်ရဲ့စေတနာကို မျက်ဝါးထင်ထင်တွေ့မြင်ခွင့်ရခဲ့ပါတယ်။
အမိမြန်မာရဲ့ စီးပွားရေးအလားအလာ
အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့နဲ့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် ပြင်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တဲ့ ဝန်ကြီးဌာနအသစ်တစ်ခုဖြစ်တဲ့ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ရဲ့ တကြွ်ကစွာအားထုတ်ထားမှုများကြောင့် အမိမြန်မာရဲ့ စီးပွားရေးအလားအလာများကို ဖော်ထုတ်ပြသခွင့်ရခဲ့တဲ့အတွက်လည်း မြန်မာပြည်သူများအားလုံးကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်ရပြန်ပါ တယ်။နယ်ပယ်စုံကဏ္ဍစုံမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်း ရှင်များအပါအဝင် လူဦးရေ ၁၂၀ဝ ခန့် တက်ရောက်လာတာကို ကြည့်ခြင်း အားဖြင့် မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်မှာကို တွေးရင်း ဝမ်းသာပီတိဖြစ်ရပြန်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်စပ်တဲ့ အစိုးရအဖွဲ့အစည်းအသီးသီးက ပညာရှင်များက ရင်းနှီးမြှုပ်နှံမှုနဲ့စပ်လျဉ်းတဲ့ မူဝါဒများနဲ့ လုပ်ထုံးလုပ်နည်းများကိုရှင်းလင်းပြောကြားပေးခဲ့သလို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများမှာ ဦးဆောင်နေသူများကလည်း ၎င်းတို့ လုပ်ငန်းဆောင်ရွက်နေတဲ့ ကဏ္ဍအသီးသီးမှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံများကို မျှဝေပေးခဲ့ပါတယ်။ အရေးကြီးဆုံးက ရင်းနှီးမြှုပ်နှံမှုနဲ့ဆက်စပ်တဲ့ အစိုးရအဖွဲ့အစည်းများနဲ့ အလားအလာရှိတဲ့ရင်းနှီးမြှုပ်နှံသူများအကြား တိုက်ရိုက်ဆက်သွယ်မှုများ ပြုလုပ်ပေးခဲ့တဲ့အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအားလုံးအတွက် တက်ရောက်ရကျိုးနပ်တဲ့ အခမ်းအနားတစ်ခုလည်း ဖြစ်ခဲ့ပြန်ပါတယ်။
တက်ကြွစွာဆောင်ရွက်လျက်ရှိ
နိုင်ငံတော်အစိုးရသစ်အနေနဲ့ စီးပွားရေးမူဝါဒ ၁၂ ရပ်နဲ့ ရင်းနှီးမြှုပ်နှံမှုမူဝါဒ ၇ ရပ် ချမှတ်ကာ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ဖို့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ကဲ့သို့ ဖွံ့ဖြိုးမှုနည်းသောဒေသများပါ မကျန် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရင်းနှီးမြှုပ်နှံမှုပြပွဲများ ကျင်းပကာ Proactive နည်းလမ်းဖြင့် တက်ကြွစွာ ဆောင်ရွက်လျက်ရှိတာကိုလည်း ကြားသိရပါတယ်။
လုပ်သာကိုင်သာရှိသော၊ ကြိုတင်ခန့်မှန်းနိုင်သော၊ အာမခံချက်ရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရေးအတွက် အစိုးရရဲ့ဦးဆောင်မှုဟာ အလွန်အရေးပါလျက်ရှိသလို ပြည်သူများရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာလည်း အခရာကျလျက်ရှိနေပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း “မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကို အောင်မြင်စေဖို့ စုပေါင်းအားရဲ့ အရေးပါမှုကို ခိုင်မာ စွာယုံကြည်ကြောင်း၊ အစိုးရပိုင်းက ခိုင်မာတဲ့မူဝါဒများ၊ ဥပဒေများနှင့်စည်းမျဉ်းမူဘောင်များကို ချမှတ်အကောင်အထည်ဖော်ရာ မှာ ပုဂ္ဂလိက ကဏ္ဍနဲ့လည်း အတူတကွပူးပေါင်း၍ တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော စီးပွားရေးဝန်းကျင်ဖြစ်စေဖို့ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း” ဗီဒီယိုမိန့်ခွန်း မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့စီးပွားရေးမူဝါဒဟာ ပြည်သူကို ဗဟိုပြုတဲ့စနစ်ဖြစ်တဲ့အတွက်ယခုကဲ့သို့ ပြည်သူကိုအလေးထားဆောင်ရွက်ပြီး ပြည်သူနှင့်အတူ မြန်မာ့စီးပွား ရေးအသီးအပွင့်တွေကို ဆွတ်ခူးနိုင်ဖို့ကြိုးစားနေတဲ့ အစိုးရအကြီးအကဲများ ရဲ့ သဘောထားဆန ́ကိုလည်း ကိုယ်တိုင်သိမြင်ကြားသိခွင့်ရတဲ့အတွက် အစိုးရ အပေါ်ထားရှိတဲ့ ယုံကြည်မှုများဟာလည်း ပိုမိုခိုင်မာခဲ့ရပြန်ပါတယ်။
ယှဉ်ပြိုင်နိုင်စွမ်းရှိသော စီးပွားရေးစနစ်
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ကုန်သွယ်မှုတိုးတက်စေခြင်းနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ ကုန်ထုတ်စွမ်းအား တိုးမြင့်စေခြင်း၊ နည်းပညာလွှဲပြောင်းပေးနိုင်ခြင်း၊ ပြည်ပသို့ပို့ကုန်များတင်ပိုမှုမြှင့်တင်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ဖော်ဆောင်ပေးနိုင်ပါတယ်။ ထိုမှတစ်ဆင့် ပြည်ပဝင်ငွေပိုမိုရရှိကာ နိုင်ငံတော်အတွက် အခွန်အခများ ပိုမိုကောက်ခံပေးနိုင်ခြင်းအားဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ သာယာဝပြော အောင်ဆောင်ရွက်ပေးနိုင်ရုံသာမက ယှဉ်ပြိုင်နိုင်စွမ်းရှိသော စီးပွားရေးစနစ်ကိုဖော်ဆောင်ပေးနိုင်ခြင်းဖြင့် ရေရှည်တည်တံ့သော စီးပွားရေးဝန်းကျင်ကောင်း ကို ရရှိစေမှာဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုဟာ အဓိကမောင်းနှင်အားများဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်နိုင်ရန်အစိုးရသစ်လက်ထက်မှာ ဥပဒေဆိုင်ရာ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများစွာကို ပြုလုပ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
ထင်ရှားတဲ့ ပြယုဂ်များအနေနဲ့ ရင်းနှီးမြှုပ်နှံမှုများနဲ့ ရင်းနှီးမြှုပ်နှံသူအားလုံး အတွက် ပိုမို၍ ပွင့်လင်းမြင်သာစေဖို့၊ လွယ်ကူချောမွေ့စေဖို့၊ အကာအကွယ်ပေး ဖို့နဲ့ ဖြေလျှော့ပေးဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ကို ပေါင်းစည်း၍ ရင်းနှီးမြှုပ်နှံမှု ဥပဒေတစ်ခုတည်းအဖြစ်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာစံနှုန်းနဲ့အညီ ရေးဆွဲထားတဲ့မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။
မူဝါဒအပြောင်းအလဲများဖြစ်တဲ့ “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development-MSDP)” နဲ့ရင်းနှီးမြှုပ်နှံမှုများကို မဟာဗျူဟာ မြောက် ဆွဲဆောင်နိုင်ရန်အတွက်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်း (MIPP) တို့ကိုလည်း ဖော်ဆောင်ပေးပြီးဖြစ်ပါတယ်။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများကို ရှာဖွေဖော်ထုတ်ခြင်း ဖြင့် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု(PPP)များကို ဆောင်ရွက်နိုင်ဖို့အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဦးဆောင်ကော်မတီကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါ တယ်။
လုပ်ထုံးလုပ်နည်းများ ပိုမိုလွယ်ကူချောမွေ့
လုပ်ထုံးလုပ်နည်းများ ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် ကုမ္ပဏီတွေအနေနဲ့ အင်တာနက်ကနေတစ်ဆင့် အလွယ်တကူ ဖွဲ့စည်းတည်ထောင်နိုင်ရန် MyCo လို့ သိကြတဲ့ အီလက်ထရွန်နစ် ကုမ္ပဏီမှတ်ပုံတင်စနစ်ကိုလည်း တည်ထောင်ပေးပြီးဖြစ်ပါတယ်။ ဒါ့အပြင် အာမခံလုပ်ငန်း၊ လက်လီနှင့်လက်ကားရောင်းဝယ်မှုလုပ်ငန်းများတွင် ဖြေလျှော့ပေးခြင်းတွေကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။
အဆိုပါ ပြောင်းလဲမှုများကြောင့်လည်း အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ဖွံ့ဖြိုး တိုးတက်မှုနှုန်း အမြင့်မားဆုံးနိုင်ငံများထဲမှာ ဆက်လက်ရပ်တည်နိုင်တာ ဖြစ်ပါတယ်။
အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအနေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ ရင်းနှီးမြှုပ်နှံမှုကော်မတီများ ဖွဲ့စည်းဆောင်ရွက်စေကာ လုပ်ပိုင်ခွင့်များ ခွဲဝေပေးပြီး ဗဟိုချုပ်ကိုင်မှုစနစ်ကို ဖြေလျှော့ပေးခဲ့ပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အတွင်းရေးမှူးရုံးဖြစ်တဲ့ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများòန်ကြားမှုဦးစီးဌာန Website နှင့် Social Media ဖြစ်တဲ့ Facebook တို့မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ဆောင်ရွက်ချက်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်ကိန်းဂဏန်းများ၊ ကော်မရှင်အစည်းအဝေးကျင်းပပြီးနောက် ခွင့်ပြုခဲ့တဲ့လုပ်ငန်းများကိုပွင့်လင်းမြင်သာစွာချပြထားတာကိုလည်း တွေ့မြင်ရပါတယ်။
ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဦးဆောင်ကွင်းဆင်း၍ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိနေတာကိုလည်း မီဒီယာများကတစ်ဆင့်သိရှိရပါတယ်။
ဘက်စုံထောင့်စုံမှဖော်ဆောင်
တာဝန်ယူမှုရှိပြီး အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းကနေ မျှတတဲ့လူမှုအသိုက်အဝန်းတစ်ရပ်ဖန်တီးဖို့နဲ့ ပြောင်းလဲတိုးတက်ပြီး ညီညွတ်မျှတတဲ့ ဖွံ့ဖြိုးမှုတစ်ခုရရှိစေဖို့အတွက် လိုအပ်တဲ့အထောက်အပံ့ကောင်းများကို ဘက်စုံထောင့်စုံမှ ဖော်ဆောင်ပေးလျက်ရှိနေပါတယ်။ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ အစိုးရနှင့်ကုမ္ပဏီ၊ချင်းချင်း နားလည်မှုစာချွန်လွှာရေးထိုးဆောင်ရွက်ခဲ့တဲ့ လုပ်ငန်း ၁၉ ခုရှိပြီး အဆိုပါလုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံကိုရင်းနှီးမြှုပ်နှံမှာဖြစ်တဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်း သုံးသိန်း ခြောက်သောင်းကျော်ကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။
ယခုဖိုရမ်နဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ကျင်းပနေတဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွေဟာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်ပေးနိုင်မှာဖြစ်ပြီး စစ်မှန်သောယုံကြည်စိတ်ချရဆုံး စီးပွားရေးတိုးတက်မှုယ္တရားတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ဖော်ဆောင်ပေးနိုင်မှာ အမှန်ပင်ဖြစ်ပါတော့သည်။ ကြေးမုံ