ပင်လည်ဘူး ၂၄ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ မေ ၂၃ ရက် ညနေ ၃ နာရီအချိန်က လေပြင်းတိုက်ခတ်၍ အထက်ယင်းသာကျေးရွာ၌ နေအိမ်တစ်လုံး ၇ ပေ သွပ် ၅၀ ချပ်၊ မံစိမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း အဆောက်အအုံ အမိုး ၈ ပေသွပ် ၂၇၀ ချပ်၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ အမိုး ၈ ပေသွပ် ချပ်ပေါင်း ၃၀ဝ နှင့် အခြေခံပညာ မူလတန်းကျောင်းဆောင် အမိုး ၈ ပေ သွပ် အချပ် ၁၅၀ အမိုးများလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
မျိုးလွင်(ပင်လည်ဘူး)
